SJ WorldNews - шаблон joomla Авто

အိန်္ဒိယနိုင်ငံ ပျားရည်ဈေးကွက် အတွင်း၌ဖြန့်ချိရန် ပြည်တွင်းမှ ပျားရည်ပိဿာချိန် ၁၀၀ စမ်းသပ်တင်ပို့

Thursday, 13 February 2020 10:55 font size decrease font size decrease font size increase font size increase font size

အိနိ္ဒယနိုင်ငံ ပျားရည်ဈေးကွက်၌ ဖြန့်ချိရန်  အိနိ္ဒယကုန်သည်များနှင့် ပူးပေါင်း၍ ပြည်တွင်းမှ ပျားရည်ပိဿာချိန် ၁၀၀ ကို ဖေဖော်ဝါရီ ၅ ရက်က စမ်းသပ်တင်ပို့ခဲ့ကြောင်း မန္တလေးမြို့အခြေစိုက် ပျားရည် လုပ်ငန်းရှင်များထံမှ သိရသည်။

““အိနိ္ဒယဈေးကွက်မှာ ပြည်တွင်း ပျားရည်ဈေးကွက်ရရင်ကို တော်တော် အဆင်ပြေပါပြီ။  အိနိ္ဒယနိုင်ငံဈေးကွက်က တခြားနိုင်ငံတွေထက်  ဈေးကွက်ကျယ်ပြန့်တဲ့အပြင်သူတို့ဆီမှာ  ပျားရည်ကိုအလှကုန်အနေနဲ့ရော အစားအသောက်တွေမှာပါ အသုံးပြုတဲ့အတွက် ပြည်တွင်းက ထွက်တဲ့ပျားရည်ကို နေရာရအောင်   စမ်းသပ်တင်ပို့တာပါ”” ဟု  မန္တလေးမြို့ရှိ  ရွှေမိုးပျားရည် လုပ်ငန်းရှင် ဦးမိုးအောင်ကပြောသည်။

အိန်္ဒိယနိုင်ငံဈေးကွက်သို့  ကနဦးတင်ပို့ခြင်းဖြစ်သောကြောင့်    ပျားရည်ပိဿာချိန် ၁၀၀ အတွက် ငွေကျပ်နှစ်သိန်းဖြင့်  ဈေးဖြတ်ပြီး ရောင်းချခဲ့ကြောင်းနှင့် ပိဿာချိန် ၁၀၀ ကို ပြည်တွင်း၌ရောင်းချပါက ငွေကျပ် သုံးသိန်းဝန်းကျင်   ရရှိနိုင်သော်လည်း အိနိ္ဒယနိုင်ငံသို့ စမ်းသပ်တင်ပို့ခြင်းဖြစ်သည့်အတွက် အရှုံးခံရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

““အခုတင်ပို့ထားတဲ့ ပျားရည်ပိဿာချိန် ၁၀၀ ကို အိန်္ဒိယနိုင်ငံမှာ  ပြန်ဖြန့်ပြီးရင် အကြောင်းပြန်မယ်လို့   ပြောပါတယ်။

ပြည်တွင်းကပျားရည်ကို    သူတို့ဆီမှာ လူကြိုက်များ၊ မများဆိုတာ နောက်မှသိရမယ်။ အဆင်ပြေရင်တော့  နောက်ထပ်တင်ပို့လို့ရမှာပါ”” ဟု ဦးမိုးအောင် ကပြော သည်။

လက်ရှိတွင် ပြည်တွင်းပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အ၀ယ်အေးနေချိန်ဖြစ်သည့်အတွက်  ဈေးကွက်ကျယ်ပြန့်သော  အိန်္ဒိယနိုင်ငံသို့    တင်ပို့ခြင်းဖြစ်ကြောင်း  သိရသည်။

Read 61 times Last modified on Thursday, 13 February 2020 10:56