SJ WorldNews - шаблон joomla Авто

ပင်းတယမြို့သို့ အညာဘက်မှ ဖရဲသီးများ အများအပြား လာရောက်ရောင်းချ

Thursday, 13 February 2020 11:55 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပရာ ညောင်ညိုပင်တန်း၌ ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ အထက်အညာမြေ ဖရဲစိုက်ခင်းများမှ ဖရဲသီးများ အများအပြား လာရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။

““ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ လာရောက် ရောင်းချပေးပါတယ်။ အသီးတွေကို ခန့်မှန်းပြီး ခင်းပြတ်ဝယ်ရတော့ ကံကောင်းရင် တစ်ခင်းကို အသီး ၁၈၀၀၀ မှ ၂၀၀၀၀ ထိရရှိပါတယ်။ ဒါပေမဲ့ အသီးဝယ်တာနဲ့ သယ်ယူစရိတ်၊ ဆိုင်ခန်းခ၊ စားစရိတ်တွေ စုစုပေါင်း ကုန်ကျစရိတ် ငွေကျပ်သိန်း၂၀ ကျော် ကုန်ကျပါတယ်””ဟု တစ်ဆင့် ၀ယ်ယူရောင်းချသူ တစ်ဦးက ပြောသည်။

အဆိုပါဖရဲသီးများမှာ အထက်အညာ ဒေသများဖြစ်သော မန္တလေး၊ မိတ်္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ရွှေဘို အစရှိသည့်ဒေသတို့တွင် စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်းများမှ တိုင်ဝမ်၊ ဖရုံကိုင်းဆက်၊ အချိုသီး၊ အစေ့မဲ့ အစရှိသည့် ဖရဲသီးများကို လာရောက်ရောင်းချသူများက  ခင်းပြတ်ဈေးနှုန်းဖြင့် ဖရဲသီးစိုက်ခင်းမှ  အသီးထွက်ရှိမှုပေါ် ခန့်မှန်း၍  တစ်ဧကလျှင် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းပေး၍ ၀ယ်ယူကာ ကုန်ကားကြီးများဖြင့် တင်ဆောင်လျက် လာရောက်ရောင်းချခြင်း ဖြစ်ပြီး ဖရဲသီး အရွယ်အစားအလိုက် တစ်လုံးလျှင်  ငွေကျပ် ၅၀၀ မှ ၃၅၀၀ အထိ သတ်မှတ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

Read 78 times Last modified on Thursday, 13 February 2020 11:56