SJ WorldNews - шаблон joomla Авто

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်အတွင်း စလစ်ဈေးများ ကျဆင်း

Monday, 23 March 2020 09:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ မော်တော်ယာဉ်

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်အတွင်း   စလစ်ဈေးများ အနိမ့်ဆုံးသို့ ကျဆင်းနေကြောင်း မော်တော်ယာဉ် ၀ယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိ   မော်တော်ယာဉ် ဈေးကွက်၌ ယာဉ်သစ်ဝယ်ယူမှု နည်းပါးသောကြောင့် စလစ်ကပ်ရန် မလိုအပ်ခြင်း၊  မော်တော် ယာဉ် ဟောင်း နယ်လိုင်စင်များသာ  ၀ယ်ယူမှုရှိ နေပြီး ရန်ကုန်အမည်ပေါက်စလစ်ကပ်ရန် မလိုအပ်ခြင်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)အနေဖြင့် သိမ်းဆည်းခဲ့သည့် ဖောက်စွပ် ယာဉ်များ ကို   စလစ်များထုတ်ပေးနေခြင်းတို့ကြောင့်  ဈေးကွက်၌ စလစ်ဈေးများကျဆင်းနေခြင်းဖြစ်သည်။

““ဈေးကွက်မှာ စလစ်တွေများပြီး စလစ်ဈေး သိသိသာသာကျသွားတယ်။ အစက တည်းက  မော်တော်ယာဉ်တင် သွင်းမှုနည်း လို့ စလစ်ဈေးကျနေပေမယ့် ယာဉ်သစ်တွေ မ၀ယ်တော့ စလစ်ကပ်စရာမလိုဘူး”” ဟု  မော်တော်ယာဉ် ရောင်းဝယ်သူများအသင်း ဥကဋ္ဌ ဦးအောင်န်းဝင်းကပြော သည်။

ယခင်ရန်ကုန်မော်တော်ယာဉ်ဈေးကွက် ၌ စလစ်တစ်စောင်လျှင် ငွေကျပ် ၁၁၅ သိန်းရှိရာမှ  ယခုအခါ ငွေကျပ် သိန်း ၁၀၀ အထိ  သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။

မြို့အင်္ဂါရပ်နှင့်မညီသော ခရီးသည်တင် ဘတ်စကားများကို အပ်နှံခွင့်ပြုပြီး  လူစီးစလစ် ထုတ်ပေးရာမှစ၍   စလစ် ဈေးများ တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                    

ကျော်ကို

Read 29 times Last modified on Monday, 23 March 2020 09:46