SJ WorldNews - шаблон joomla Авто

ကုန်ကြမ်းရရှိသော်လည်းOrder Cancel များနေ၍ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရန်ရှိ

Monday, 23 March 2020 09:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ စီးပွားရေး

ပြည်တွင်း အထည်ချုပ် စက်ရုံများအနေဖြင့် ကုန်ကြမ်းများ ရရှိနေပြီဖြစ်သော်လည်း Order Cancel များလာသည့် အတွက် စက်ရုံများ ထပ်မံပိတ်သိမ်းရန်ရှိနေကြောင်း မြန်မာနိုင်ငံ တရုတ်အထည်ချုပ်လုပ်ငန်း ရှင်များ အသင်းမှ သိရသည်။

COVID-19  ရောဂါကြောင့် ကုန်ကြမ်း ပြတ်လပ်ကာ စက်ရုံပိတ်သိမ်းမှုများဖြစ်ပေါ်ခဲ့ပြီး လတ်တလောတွင် ကုန်ကြမ်း ပြန်လည် ရရှိလာ၍ ကုန်ချောအထည်များပြုလုပ်ပြီး ဖြစ်သော်လည်း Order Cancelပြုလုပ်မှု ပိုမိုများပြား လာခြင်း ကြောင့်   စက်ရုံများ အရှုံးပေါ်ကာ ပိတ်သိမ်းရမည့်အခြေအနေ ဖြစ်နေသည်။ ယင်းသို့ Order Cancel  ပြုလုပ်မှုများမှာ မတ် ၁၉ ရက်မှ ၂၁ ရက် အတွင်း ပိုမိုမြင့်တက်လာပြီး စက်ရုံ ၈၀ ရာခိုင်နှုန်းခန့်မှ ဥမိနမ ရာနှုန်း ပြည့်ပျက် ခြင်း၊ ၅၀ ရာခိုင်နှုန်းပျက်ခြင်းနှင့် ၃၀ ရာခိုင် နှုန်းပျက်ခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာ ကြောင်း၊ ထို့ကြောင့် စက်ရုံများဘက်မှ အရှုံး များလာပြီး ခံနိုင်ရည်မရှိတော့သည့်အခြေအနေနှင့်  ရင်ဆိုင်နေရကြောင်း  အဆိုပါ အသင်း ဥကဋ္ဌ ဦးစန်းခွန်က ပြောသည်။

ပြည်တွင်း စက်ရုံများ ကုန်ကြမ်းပြတ် လပ်ခြင်းကြောင့်  စက်ရုံပိတ်သိမ်းမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာ နိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း၊ တရုတ်ပြည်သူ့ သမတနိုင်ငံ သံရုံး၊ စီးပွားရေး ဌာနနှင့် China Enterprise Chamber of Commerce in Myanmar(CECCM)တို့ပူးပေါင်းပြီး  အထည်ချုပ် စက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းတချို့ရရှိစေရန် လေကြောင်းနှင့် မူဆယ် နယ်စပ် ကုန်သွယ် ရေး လမးကြောင်း တို့မှ တင်သွင်းနေသော်လည်း လက်ရှိ Order များပျက် ပြယ်ခြင်းကြောင့် စက်ရုံ များ ထပ်မံ ပိတ်သိမ်းခဲ့လျှင် အလုပ်လက်မဲ့ ဦးရေ ပိုမိုမြင့်တက် လာနိုင်ကြောင်း သိရသည်။   

ဇွန်သီတာ

Read 35 times Last modified on Monday, 23 March 2020 09:55