SJ WorldNews - шаблон joomla Авто

ရွှေကူမြို့၌ ဖရဲသီးများ ဈေးနှုန်း ကျဆင်း

Wednesday, 25 March 2020 09:04 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ယခင်နှစ်များက ဖရဲသီးထွက်ရှိသည့် မတ်လနှင့်ဧပြီလတို့တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် ရရှိသဖြင့်   ဈေးကောင်း ရရှိခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွား ခဲ့သည့် COVID 19 ရောဂါဖြစ်ပွားမှုကြောင့်လမ်းပန်း ဆက်သွယ်ရေး  ထိန်းချုပ်မှုများ ရှိခဲ့ပြီး  ဒေသထွက်ဖရဲသီးများအား   တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်များ  ပိတ်ထားမှုကြောင့် ရွှေကူမြို့နယ်မှ ထွက်ရှိသည့်   ဖရဲသီးများမှာ ယခင်နှစ်များနှင့်မတူ  ဈေးနိမ့်၍ ရောင်းချနေရကြောင်း  သိရသည်။

''အရင်နှစ်တွေကတော့ အခုလို အလုံးလှရင် တစ်လုံးကို ငွေကျပ် ၂ဝဝဝ နဲ့ ၂၅ဝဝ အထိ ရောင်းခွင့်ရရှိတယ်။   အခုတော့ တစ်လုံးကို ငွေကျပ်၇၅ဝ က အများဆုံးပဲ ရောင်းရတယ်။

ဈေးကတော့ သိသိသာသာ ထိုးကျသွားတယ်။ စိုက်ခင်းလုပ်စားရတာကလည်း  အဆင်မပြေဘူး။ COVID 19 ရောဂါဖြစ်လိုက်တာ စီးပွားရေးလည်း ပျက်စီး၊ လူတွေလည်း ဘာလုပ်ရမှန်းတောင် မသိတော့ဘူး''ဟု ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာနေ ဖရဲစိုက်ခင်းပိုင်ရှင် တစ်ဦးက  ပြောသည်။

ဗန်းမော်ခရိုင်တွင် ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်မြို့နယ်တို့အတွင်း   ဖရဲစိုက် တောင်သူများမှာ   လယ်ယာလုပ်ငန်းခွင် အပြီးတွင် ဖရဲသီးနှံများအား စီးပွားဖြစ် စိုက်ပျိုးမှုများ လုပ်ဆောင်ကြရာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် မရခြင်းကြောင့် ဒေသတွင်း တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရသည်။ 

Read 104 times Last modified on Wednesday, 25 March 2020 09:08