SJ WorldNews - шаблон joomla Авто

ပြည်ပမှ စားသုံးဆီသင်္ဘောများ အဆက်မပြတ် ရောက်ရှိ မည်ဖြစ်၍ စိုးရိမ်စိတ်ဖြင့် အလွန်အကျွံ မ၀ယ်သင့်

Thursday, 26 March 2020 11:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ စားသုံးဆီ

ပြည်တွင်းသို့ ပြည်ပမှတင်သွင်းသည့်    စားသုံးဆီသင်္ဘောများ ရောက်ရှိမည်ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် စိတ်ဖြင့် အလွန်အကျွံဝယ်ယူရန် မလိုအပ် သည့်အပြင် အရေးပေါ်အခြေအနေတွေ့ ကြုံရပါက သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်တင်သွင်းနိုင်ရန်  သက်ဆိုင်ရာသို့ တင်ပြထားကြောင်း  မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက  ဦးဆန်းလင်း၏ ပြောကြားချက်အရ  သိရသည်။

မနလေးမြို့၌  ဆီဆိုင်များပိတ်သိမ်း သည်ဆိုသည့် ကောလာဟလ သတင်းများ လတ်တလောတွင်ထွက်ပေါ်နေပြီး ယင်း သတင်းများမှာ မှန်ကန်မှုမရှိသည့်အပြင် အရေးပေါ်အခြေအနေနှင့်  တွေ့ကြုံရ ပါက   စားသုံးဆီပြတ်လပ်မှု မရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

““ဆီသင်္ဘောတွေက မပြတ် လာနေတာပါ။ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ အလွန် အကျွံမ၀ယ်သင့်ပါဘူး။ စိုးရိမ် စိတ်နဲ့ ၀ယ်လို့ ဈေးတွေတက်လာတာပါ။  အရေးပေါ် အခြေအနေအတွက်  ကျွန်တော်တို့ကနေ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို တင်ပြထားတယ်။ မလေးရှားသံရုံးနဲ့ အင်ဒိုနီးရှား သံရုံးတို့ကိုလည်း ညှိနှိုင်းထား တယ်။ ဒီဘက်မှာ အရေးပေါ်အခြေအနေ ကြုံလာရင် ဟိုဘက်ကနေပြီး  စားသုံးဆီနဲ့ ပတ်သက်ပြီး  ဘာတွေ ကူညီပေးနိုင်မလဲ UMFCCI ကနေတစ်ဆင့် ညှိနှိုင်းဆောင် ရွက်နေပါတယ်”” ဟု  ဦးဆန်းလင်းကပြော သည်။

ထို့ပြင် စားသုံးဆီတင်ပို့သည့် မလေး ရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်း ဆီအုန်း စက်ရုံများပုံမှန်လည်ပတ်လျက်ရှိပြီး ပြည်ပ နိုင်ငံများသို့  စားသုံးဆီများတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းသို့ တစ်လလျှင် စားသုံးဆီ တန်ချိန်  ခြောက်သောင်းဝန်းကျင် အထိ   ပြည်ပမှ တင်သွင်းလျက်ရှိပြီး စားသုံးဆီ အဓိက တင်သွင်းနေသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့မှလည်း လက်ရှိအချိန်ထိ ထုတ်လုပ်နေသည့် အတွက် စိုးရိမ်ရန်မလိုကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၌လည်း စားသုံးဆီ သိုလှောင်သည့် သိုလှောင်ကန် ကိုးကန်ရှိကာ စုစုပေါင်း တန်ချိန် ၇၂၀၀၀ သိုလှောင် ထားနိုင်ကြောင်း သိရသည်။                          

နေနေ

Read 36 times Last modified on Thursday, 26 March 2020 11:46