SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံသို့ ပြောင်း ငရုတ်နှင့် ကြက်သွန်ဖြူ တင်ပို့မှု လျော့နည်းလာ

Thursday, 09 April 2020 11:13 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းမှထွက်ရှိသော  ပြောင်း၊ ငရုတ်နှင့် ကြက်သွန်ဖြူများကို ထိုင်းနိုင်ငံသို့ တင်ပို့မှု လျော့နည်းလာသည့်အတွက်  ဈေးနှုန်းများ ကျဆင်းလာကြောင်း ကုန်သည်များထံမှ သိရသည်။

''ပြီးခဲ့တဲ့လကတည်းက ထိုင်းနိုင်ငံကို ငရုတ်တင်ပို့တာ ရပ်သွားလိုက်၊ တင်ပို့လိုက်ဖြစ်နေတာ။ ဒီလမှာတော့ ထိုင်းနိုင်ငံ ကပေးတဲ့ ဈေးကမကောင်းတော့   တင်ပို့မှု ရပ်သွားတယ်။ကြက်သွန်ဖြူကိုတော့ လူအဝင်အထွက် မရှိဘဲ ကားတွေပဲ အဝင်ခံတော့   လုပ်ကိုင်ရတာ အဆင်မပြေဘူး။ ဒါကြောင့် ဈေးနှုန်းတွေ ကျဆင်းလာတာ ပါ'' ဟု မြဝတီမြို့ရှိ ကုန်သည် ဦးဇော်လင်း ကပြောသည်။

ယခင်က ထိုင်းနိုင်ငံသို့ ငရုတ်တင်ပို့ရာတွင် တစ်ရက်လျှင် ကားငါးစီးခန့် တင်ပို့ နိုင်ပြီး ဈေးကောင်းရခဲ့ကြောင်း၊ လက်ရှိ တွင်  ထိုင်းနိုင်ငံ၌  ငရုတ်စိုက်ကွက်တချို့ ထွက်ရှိနေပြီဖြစ်၍ ပြည်ပမှ တင်သွင်းခွင့် လျှော့ချလာကြောင်း သိရသည်။

ထို့ပြင်  လဲချားကြက်သွန်ဖြူကို ဈေးကွက်မပြတ်   ဝယ်ယူလျက်ရှိသော်လည်း နယ်စပ်ဂိတ်များ၌ COVID-19 ရောဂါကြောင့်   လူအဝင်အထွက် တင်းကျပ်နေသဖြင့် တစ်ရက်လျှင် ကုန်ကားနှစ်စီးမှ  သုံးစီးခန့်သာ ဝယ်ယူကြသည်။

''အမှတ် (၁) တံတားကတော့ အရင်ကတည်းက ကုန်မစီးဆင်းဘူး။ အမှတ်(၂) တံတားကပဲ ကုန်စီးဆင်းတယ်။ အခုချိန်မှာ ပြည်တွင်းက ပြောင်းတွေ ထိုင်းနိုင်ငံကို   တင်ပို့နေပေမယ့်  ပုံမှန်ထက်တော့ လျော့နည်းသွားတယ်'' ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။

ထိုင်းနိုင်ငံဈေးကွက်သို့ တစ်ရက်လျှင် ပုံမှန်အားဖြင့် ကြက်သွန်ဖြူတန်ချိန် ၄ဝဝ ခန့် တင်ပို့သော်လည်း ယခုအခါ တန်ချိန် ၂ဝဝ ကျော်သာ တင်ပို့နိုင်တော့ကြောင်း၊ ထို့ပြင် ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင်  ငွေကျပ် ၄ဝဝ ခန့်သာ ရရှိကြောင်း သိရသည်။              

Read 120 times Last modified on Thursday, 09 April 2020 11:17