Print this page

လယ်ကန်သင်းများတွင် ပဲတောင့်ရှည် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိအောင် ဖော်ဆောင်

Monday, 04 May 2020 09:22 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လယ်စိုက်တောင်သူများမှာ လယ်ကန်သင်း၌ ပဲတောင့်ရှည် စိုက်ပျိုးကာ အပိုဝင်ငွေ ရရှိအောင်  ဖော်ဆောင်လျက်ရှိရာ   လက်ရှိကာလတွင် ပဲတောင့်ရှည် ဖောက်သည်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ ဖြင့် ရောင်းချရပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများမှာ တစ်ပိဿာ ငွေကျပ် ၁ဝဝဝ ဖြင့် ရောင်းချကြကြောင်း သိရသည်။

ပဲတောင့်ရှည်မျိုးစေ့ တစ်ဘူးလျှင် ငွေကျပ် ၁၅ဝဝ ပေးရပြီး ဘူးတစ်ဘူးလျှင် စိုက်ကျင်း ၃ဝဝ အထိစိုက်ပျိုးနိုင်ကာ စိုက်ကျင်း တစ်ကျင်းလျှင် မျိုးစေ့သုံးစေ့ စိုက်ပျိုးကြကြောင်း သိရသည်။

ပဲတောင့်ရှည်ကို တစ်လပဲဟုခေါ်ပြီး တစ်လကျော်ကြာသည်နှင့် စတင်သီးလေ့ ရှိသည်။ ပဲတောင့်ရှည်ခူးသည့် ရာသီမှာ တစ်လအထိ ခူးနိုင်သည်။ ပဲတောင့်ရှည်ကျင်း ၁ဝဝ လျှင် တစ်နေ့ငါးပိဿာကျော် ရရှိသည်။

ပဲတောင့်ရှည်ခူးရာတွင် တစ်ရက်ခြား ခူးဆွတ်ပေးရသည်။ ယခင်နှစ်များတွင် ပဲတောင့်ရှည်ဈေးကွက်မှာ  တစ်ပိဿာလျှင်   ငွေကျပ် ၁ဝဝဝ  ကျော်ရရှိပြီး   လက်ရှိကာလတွင် တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ ဖြင့် ရောင်းချနေရသည်။ ရာသီအလိုက် ကုန်စည်ပေါခြင်း၊ ရှားခြင်းအပေါ် မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ ရှိကြောင်း သိရသည်။

ပဲတောင့်ရှည်မျိုးစေ့ကို စိုက်ပျိုးပြီးပါက ဝါးထောင်ပေးရသည်။ လယ်ခင်းအတွင်းရှိ ရေဓာတ်ကိုစုပ်ယူကာ ပဲတောင့်ရှည်များ   ဖြစ်ထွန်းအောင်မြင်ကြသည်။ စိုက်ကျင်း များသူများမှာ   ပိုမိုဝင်ငွေ ရရှိကြသည်။

ကျင်း ၁ဝဝ စိုက်ပျိုးသူအတွက် တစ်ရာသီလျှင် ငွေကျပ် ၁၅ဝဝဝဝ မှ ၂ဝဝဝဝဝ အထိ ရရှိသည်။   စိုက်ကျင်း များသူများမှာ   ပိုမိုဝင်ငွေ ရရှိကြသည်။ လက်ရှိကာလတွင် အမရပူရမြို့နယ် အတွင်းရှိ    လယ်စိုက် တောင်သူများမှာ  လယ်ကန်သင်း များတွင် ပဲတောင့်ရှည် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိအောင် ဖော်ဆောင်လျက် ရှိကြောင်း သိရသည်။

 

Read 353 times Last modified on Monday, 04 May 2020 09:23