SJ WorldNews - шаблон joomla Авто

ငါးဖမ်းဆီး ရရှိမှု လျော့နည်းလာသည့်အပြင် အရောင်းအ၀ယ်ပါးနေသောကြောင့် ငါးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ တွေ့ကြုံ

Tuesday, 05 May 2020 09:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စီးပွားရေး

ငါးဖမ်းဆီးရရှိမှု လျော့နည်းလာသည့် အပြင်  ငါးအရောင်းအ၀ယ် ပါးနေသောကြောင့် ယခုနှစ်တွင် ငါးလုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် အခက်အခဲများနှင့်  တွေ့ကြုံနေရကြောင်း  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်  အထွေထွေ အတွင်း ရေးမှူး   ဦးဝင်းကြိုင်၏ ပြောဆိုချက်အရ သိရသည်။

““ငါးလလောက်တော့    ပင်လယ်ငါး ကုန်ကြမ်းပြတ်သွားဖို့ရှိတယ်။   ကုန်ကြမ်း ပြတ်ရင် ပို့ကုန်လည်းထိခိုက်မှာပဲ။ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး အခြေအနေကလည်း အကျဘက်ကိုရောက်သွားနိုင်တယ်။ အအေး ခန်းစက်ရုံတွေ ရပ်ထားမယ် ဆိုရင် မွေးမြူ ရေးငါးတွေ ကန်ဖော်ဖို့စဉ်းစားရမယ့်အခြေ အနေဖြစ်နေတယ်။ ပြည်တွင်းကို ဦးစား ပေးဖြန့်မယ်ဆိုရင်တောင် သယ်ယူပို့ဆောင် ရေးပိုင်းမှာ   အတားအဆီးတွေရှိနေတာ ကြောင့် မွေးမြူရေး လုပ်ငန်း ရှင်တွေ အရှုံး နဲ့ရင်ဆိုင်ရမယ်”” ဟု ဦးဝင်းကြိုင်ကပြောသည်။

ဃဥဠှီု-၁၉   ရောဂါကြောင့်   ဈေး ကွက်ထဲ၌ ငါးအရောင်းအ၀ယ်လျော့နည်း နေပြီး  ယခင်ကထက်  ၇၀  ရာခိုင်နှုန်း ခန့် ရောင်းအား ကျသွားကာ ပင်လယ်ပြင်မှ ငါး ဖမ်းဆီးရရှိမှုလျော့နည်းလာခြင်း၊ အရောင်း အ၀ယ်ပါးခြင်းနှင့် ကုန်အများ စုကို အကြွေး စနစ်ဖြင့်   ရောင်းချနေရခြင်းတို့ကြောင့် ငါးလုပ်ငန်းလုပ်ကိုင်သူများ   အခက်အခဲ များနှင့် တွေ့ကြုံ နေရသည်။

သင်္ကြန်ကာလ မှစ၍ ပင်လယ်ငါးဖမ်း လုပ်ငန်းအများစု လုပ်ငန်းများရပ်နားထား ပြီး လက်ရှိတွင် ပြန်လည် လုပ်ကိုင် နေသော်လည်း မကြာမီ ငါးမဖမ်းရရာသီရောက်ရှိ တော့မည်ဖြစ်သည့် အတွက် လုပ်ငန်းအများ စုမှာ ယခုကတည်းက လုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။        ဆုလာဘ်

 

 

 

Read 140 times Last modified on Tuesday, 05 May 2020 09:59