SJ WorldNews - шаблон joomla Авто

မြိတ်ကျွန်းစုဒေသထွက် ကဏန်းမည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ပြန်ဝယ်နေသော်လည်း ဈေးကောင်းမရ

Monday, 01 June 2020 12:16 font size decrease font size decrease font size increase font size increase font size

တစ်လနီးပါး အဝယ်ရပ်နားထားရသည့် မြိတ်ကျွန်းစု ဒေသထွက် ကဏန်းမည်းများကို  လက်ရှိတွင် တရုတ်နှင့် ထိုင်းနိုင်ငံ ဝယ်လက်များက အကန့်အသတ်ဖြင့် ပြန်လည်ဝယ်ယူနေသော်လည်း    ဈေးကောင်းမရကြောင်း မြိတ်အခြေစိုက် ကဏန်းအဝယ်ဒိုင် များထံမှ သိရသည်။

ယခင်က ကဏန်းမည်းဈေးကွက်သည် နိုင်ငံခြားဈေးကွက်တွင် Export ကုန်အဖြစ် ဈေးအမြင့်ဆုံးပေးကာ အရောင်းအဝယ်ပြုလုပ်နေသော ရေထွက်ကုန်တစ်မျိုးဖြစ်ပြီး လက်ရှိတွင် တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ဂိတ်အချို့မှ မြိတ်ကျွန်းစု ဒေသထွက် ရေထွက်ပစ္စည်းများကို   ပြန်လည်ဝယ်ယူလျက်ရှိသည်။

''တရုတ်နိုင်ငံမှာ COVID-19 စဖြစ်တာနဲ့ အဝယ်ရပ်လိုက်တာ။ဒီဘက်မှာ ဈေးက ချက်ချင်းကျသွားတယ်။ ပြီးတော့    ထိုင်းနိုင်ငံမှာ  အခုက  အကန့်အသတ်နဲ့ပြန်ဝယ်နေတော့ ဈေးကောင်းမရပါဘူး''ဟု ကဏန်းမည်း အဝယ်ဒိုင် ဦးလှဌေးက ပြောသည်။

ကဏန်းမည်းဈေးကွက်၌ ဆိုဒ်လေးမျိုးရှိပြီး လက်ရှိအချိန်တွင် ၃ဝဝ ဂရမ်အထက်ကို ယခင်က ငွေကျပ် ၂၅ဝဝဝ၊ ယခု ငွေကျပ် ၉ဝဝဝ၊ ၂ဝဝ ဂရမ်အထက်ကို ယခင်က ငွေကျပ် ၂ဝဝဝဝ၊ ယခု ငွေကျပ် ၈ဝဝဝ၊ ၂ဝဝ ဂရမ်အောက်ကို ယခင်က ငွေကျပ် ၁၅ဝဝဝ၊ ယခု ငွေကျပ် ၇ဝဝဝ၊ ၁ဝဝ ဂရမ်အောက်ကို ငွေကျပ် ၆၅ဝဝ ဝန်းကျင်သာ ရရှိသည်။

မြိတ်မြို့၌ ကဏန်းမည်း အဝယ်ဒိုင်ကြီး လေးဒိုင်နှင့် ဒိုင်ငယ် ၁ဝ ဒိုင်ကျော်ရှိပြီး   ကဏန်းမည်းများကို  မြိတ်၊ ကျွန်းစု၊ ပုလော၊ ပင်လယ်ရွာ တို့နှင့် ကြိမ်နီတောင်၊ ကြိမ်မဲတောင်မှ မြိတ်မြို့တွင် လာရောက်ရောင်းချလျက် ရှိကြောင်း သိရသည်။

 

Read 50 times Last modified on Monday, 01 June 2020 12:18