SJ WorldNews - шаблон joomla Авто

ကျိုက်မရောမြို့နယ်၌ အာဆီယံသပြေစိုက်ပျိုးသူများဝင်ငွေကောင်း၍အဆင်ပြေ

Wednesday, 03 June 2020 10:26 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ်   ကျိုက်မရောမြို့နယ်ရှိ စမ်းနှစ်ခွရပ်ကွက်၌ အာဆီယံသပြေ စိုက်ပျိုးသူခြံပိုင်ရှင်များ ဝင်ငွေကောင်း၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

အာဆီယံ သပြေပန်းပင်များ ယခုအခါ မိုးရေရရှိနေပြီဖြစ်၍ ဘုရားပန်းထိုးသူများ၊ အလှစိုက်သူများက ယခင်ကထက် ပိုမိုစိတ်ဝင်စားကာ ဝယ်ယူအားပေးနေကြသည်။အခြားပန်းများထက် အာဆီယံသပြေက ငါးရက်အထိ ပိုမိုအထားခံသဖြင့် ဝယ်ယူသူများပြားပြီး တစ်စည်းလျှင်ငွေကျပ် ၂ဝဝ မှ ၄ဝဝ အထိ ရောင်းရကာ အလှစိုက်ပျိုးလိုသူများအတွက် အပင်ပေါက်တစ်ပင်လျှင် ငွေကျပ် ၃ဝဝ ဖြင့် ရောင်းချပေးရသည်။

ထို့ပြင် မော်လမြိုင်မြို့မှ ဟိုတယ်များတွင်  အလှစိုက်ပျိုးရန်   မှာယူသူများ ရှိနေသဖြင့်  စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း၊    အာဆီယံသပြေ စီးပွားဖြစ် စိုက်ပျိုးနေသူခြံရှင်   ဦးဝင်းအောင်က ပြောသည်။

အာဆီယံသပြေပန်းများကို တစ်ပတ်လျှင် နှစ်ကြိမ်ခူးရကြောင်းနှင့် သပြေစိုက်ပျိုးရာတွင် မြေနေရာကျယ်ဝန်းပြီး မြေဆီလွှာ ကောင်းမွန်သော သဲမြေနှင့် နုန်းမြေများတွင် ရေလောင်းစိုက်ပျိုး စနစ်က ပိုမိုအောင်မြင်ကြောင်း သိရသည်။

 

Read 43 times Last modified on Wednesday, 03 June 2020 10:27