SJ WorldNews - шаблон joomla Авто

သရက်သီးဈေးကောင်း မရသဖြင့် သရက်ပျဉ် ပြုလုပ်ရောင်းချနေ

Wednesday, 03 June 2020 10:37 font size decrease font size decrease font size increase font size increase font size

သရက်သီးများ ဖြိုင်ဖြိုင်ပေါ်နေပြီဖြစ်သော်လည်း အရောင်းအဝယ် နည်းပါးခြင်း အပြင် ဈေးနှုန်းပါ ကျဆင်းလျက်ရှိခြင်းကြောင့် အမှည့်များအား သရက်ပျဉ်အဖြစ် ပြုလုပ်သူ များပြားကြောင်း သိရသည်။

''သရက်သီးက ဈေးမကောင်းတော့ ခူးမယ့်သူလည်း မရှိဘူး။ အမှည့်တွေကို သရက်ပျဉ်ထိုးကြတာပဲ။  သရက်ပျဉ်က အခုနှစ်တော့  ဈေးဘယ်လောက်ဆိုတာ မသိသေးဘူး။ မနှစ်ကတော့ တစ်ပိဿာကို ငွေကျပ် ၄ဝဝဝ နဲ့ ၅ဝဝဝ ကြားမှာ ရောင်းရတယ်။ ခုတောင် ပိဿာချိန် ၂ဝ လောက်ရသွားပြီ'' ဟု ကုန်းကြီးကျေးရွာအုပ်စု အင်ကြင်းကုန်းကျေးရွာနေ ဒေါ်ညိုတုတ် ကပြောသည်။

သရက်ပျဉ်ပြုလုပ်ရာတွင်  သရက်သီး အသားများကိုခွာယူ၍  ဒန်အိုးအတွင်း စုထည့်ကာ  မီးဖြင့်အပူပေးရင်း  စေးပိုင်အောင်မွှေပေးရခြင်းဖြစ်သည်။   ထိုသို့ ကျိုချက်ပြီးသည့် သရက်ယိုကို ပလတ်စတစ်ပေါ်တင်၍    နေပူလှန်း အခြောက်ခံပြီးပါက  သရက်ပျဉ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

Read 50 times Last modified on Wednesday, 03 June 2020 10:38