SJ WorldNews - шаблон joomla Авто

COVID- 19 ရောဂါက မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေပေါ် သက်ရောက်မှုရှိနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

Saturday, 27 June 2020 09:38 font size decrease font size decrease font size increase font size increase font size

COVID- 19 ရောဂါသည် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေပေါ်  သက်ရောက်မှု ရှိနိုင်ကြောင်း  ဇွန် ၂၅ ရက်က ကမ္ဘာ့ဘဏ်၏    မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာမှ သိရသည်။

''အခုချိန်မှာ မြန်မာ့စီးပွားရေး မျှော်မှန်းချက်တွေက အကောင်းဘက်ကို ဦးတည်နေပေမယ့် ကြိုတင် မခန့်မှန်းနိုင်တဲ့ COVID- 19 ရောဂါ  တစ်ကျော့ပြန်လည် ဖြစ်ပွားလာနိုင်တာကြောင့်  ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။  ခိုင်မာအားကောင်းတဲ့ မူဝါဒ  အရေးတကြီး လုပ်ဆောင်ချက်တွေ လိုအပ်နေပါတယ်''  ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံ ဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန် ကပြောသည်။

COVID- 19 ရောဂါ ဆက်လက်ဖြစ်ပွားပါက မြန်မာ့စီးပွားရေးသည် ၂ဝ၂ဝ-၂ဝ၂၁ဘဏ္ဍာနှစ်ရောက်မှသာ  ပြန်လည်နာလန်ထူနိုင်မည်ဟု  ခန့်မှန်းထားသည်။

COVID- 19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သည်ဟု  လတ်တလော ခန့်မှန်းအခြေအနေအရ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏  GDP တိုးတက်မှုနှုန်းသည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်တိုးတက်လာနိုင်မည်ဖြစ်သည်။

အဆိုပါအစီရင်ခံစာသည်   မြန်မာနိုင်ငံ အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများ ဖြစ်သော COVID-19    Fund  ထူထောင်ခြင်းနှင့် COVID-19     ရောဂါ အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရေး စီမံချက်များ ကို လေ့လာသုံးသပ် ထား‌ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့တွင် အခွန်သက်သာခွင့်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းတို့ကို ချေးငွေထုတ်ပေးခြင်း၊ အိမ်ထောင်စုများအတွက် အစားအစာနှင့် ငွေသား ပံ့ပိုးပေးခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေမည့် မူဝါဒများ အပါအဝင် စီးပွားရေး ကုစားနိုင်ရန်နှင့် ကြံ့ခိုင်နိုင်သော ပြန်လည်ထူထောင်မှုဖြစ်စေရန် အထောက်အကူ ပေးမည့် နည်းလမ်းများ ပါဝင်ကြောင်း သိရသည်။                       

 

Read 24 times Last modified on Saturday, 27 June 2020 09:40