SJ WorldNews - шаблон joomla Авто

စဉ့်ကိုင်မြို့နယ် အတွင်းရှိ ခဝဲစိုက် တောင်သူများ ဝင်ငွေကောင်း

Monday, 29 June 2020 08:59 font size decrease font size decrease font size increase font size increase font size

စဉ့်ကိုင်မြို့နယ်အတွင်းရှိ  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အတွင်းရှိ ယာစိုက်တောင်သူများမှာ ရေမရှား၊ မြေမနားလူမအား စနစ်အတိုင်း ရာသီအလိုက် သီးနှံများ စိုက်ပျိုးကာ ဝင်ငွေစီးကြောင်းတစ်ခု ဖန်တီးလျက်ရှိရာ ခဝဲစိုက်တောင်သူများ ဝင်ငွေကောင်းလျက် ရှိကြောင်း သိရသည်။

လက်ရှိကာလ ရာသီပေါ်သီးနှံ ခဝဲစိုက်ခင်းများစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီသည့် သီးနှံရရှိရေးနှင့် ဈေးကောင်း ရရှိရေးအတွက် စတင်စိုက်ပျိုးသည့် စနစ်ကိုအားထားစိုက်ပျိုးလာသည်။ ခဝဲသီးများကို မေလဒုတိယပတ်မှ စတင်ခူးဆွတ်ခဲ့ပြီး အဖွင့်(ဖောက်သည်ဈေး)ငွေကျပ် ၈ဝဝ ဖြင့်စတင်ခဲ့သည်။ လက်ရှိကာလတွင် ခဝဲသီးလှိုင်လှိုင်ပေါ်နေပြီး   တစ်ပိဿာငွေကျပ် ၇၅ဝ ဖြင့် ဖောက်သည်ပေးရသည်။ ခဝဲတစ်ဧက စိုက်ပျိုးပါက တစ်ရက်ခြားခူးဆွတ်ပေးရပြီး တစ်ကြိမ်ခူးပါက ပိဿာ  ၂ဝဝ ကျော်အထိရရှိသည်။

ခဝဲစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ဝယ်ယူ စိုက်ပျိုးကြသည်။ ခဝဲမျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၆၅ဝဝ ပေးရပြီး တစ်ဧကလျှင် မျိုးစေ့ထုပ် ရှစ်ထုပ်ခန့် စိုက်ပျိုးကြသည်။ ခဝဲတစ်ဧကလျှင် စင်တင်သည့် ဝါးအပါအဝင် စိုက်ပျိုးစရိတ် ငွေကျပ်ကိုးသိန်းနီးပါးကုန်ကျပြီး သီးနှံတစ်ရာသီပြီးပါက တစ်ဧကလျှင် ငွေကျပ် သိန်း ၃ဝအထိရရှိသည်။  ခဝဲသီးနှံစိုက်ပျိုးခြင်းသည် အရှုံးမရှိသည့်တွက်  နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။

 

Read 17 times Last modified on Monday, 29 June 2020 09:01