SJ WorldNews - шаблон joomla Авто

ကြက်သွန်ဖြူ ဈေးကောင်းရသော်လည်း နယ်ဝယ်လက်မရှိသဖြင့် ရောင်းအား လျော့နည်း

Monday, 29 June 2020 09:45 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ ဒေသခံတောင်သူများ စိုက်ပျိုးကြသည့်ကြက်သွန်ဖြူများသည် ယခုနှစ်တွင် ဈေးကောင်းရရှိသော်လည်း ထိုင်းနိုင်ငံသို့ ပို့ဆောင်ရခြင်းနှင့် နယ်ဝယ်လက်များမှ ဝယ်ယူသူ နည်းပါးခြင်းတို့ကြောင့် ရောင်းအား လျော့နည်းနေကြောင်း လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ကြက်သွန်ဖြူဝယ်/ရောင်း  လုပ်ကိုင်သူများထံမှ သိရသည်။

လားရှိုးမြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးစပါး ရိတ်သိမ်းပြီးကာလတွင် အဆိုပါလယ်များ၌ အခြားသီးနှံများ နည်းတူ ကြက်သွန်ဖြူကို စိုက်ပျိုးကြရာ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးရေရရှိမှု နည်းပါးလာသဖြင့် စိုက်ပျိုးသူ နည်းပါးသွားကြောင်း၊ ယခုလို စိုက်ပျိုးသူ နည်းပါးသွားသော်လည်း ထွက်ရှိသည့် ကြက်သွန်ဖြူများကို အရောင်းအဝယ် ပြုလုပ်လျက်ရှိရာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရရှိကြောင်း၊ လက်ရှိတွင် ကြက်သွန်ဖြူတစ်ပိဿာ အကြီးအသေးပေါ် မူတည်၍ ငွေကျပ် ၈ဝဝ မှ ၃၅ဝဝ အထိ ဈေးကွက်ရှိသော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရခြင်းနှင့် နယ်ဝယ်လက်များ ဝယ်ယူသူနည်းပါးသောကြောင့် ကြက်သွန်ဖြူရောင်းအား လျော့ကျနေကြောင်း  သိရသည်။    

 

Read 24 times Last modified on Monday, 29 June 2020 09:46