SJ WorldNews - шаблон joomla Авто

မူဆယ်သို့ လိုင်စင်အသစ်ဖြင့် တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သောင်းခန့် ဝင်ရောက်

Tuesday, 30 June 2020 08:28 font size decrease font size decrease font size increase font size increase font size

မူဆယ်ဈေးကွက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီးတို့မှ   တစ်ရက်လျှင်   လိုင်စင်အသစ်ဖြင့်  ဆန်အိတ်ရေ တစ်သောင်းခန့် ဝင်ရောက်လျက်ရှိကြောင်း  မူဆယ်ဆန် ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ  ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။

''လက်ရှိမှာ လိုင်စင်အသစ်နဲ့ ဝင်နေတာ။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့   ပိုးမွှားကင်းစင်ကြောင်း ထောက်ခံစာယူရတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ  လိုအပ်တဲ့ပါမစ်ယူပြီးတော့ တရားဝင် သွားနေတယ်။  အရောင်းအဝယ်ကလည်း မဆိုးပါဘူး။ အခက်အခဲကတော့  ကုန်တင်ဉ်တစ်စီးက ရန်ကုန်ကနေ တရုတ်နိုင်ငံ ကျယ်ဂေါင်အထိ  ရက် ၂ဝ လောက်ကြာနေတယ်။ တရုတ်နိုင်ငံဘက်ကလည်း သူတို့ချမှတ်ထားတဲ့ မူဝါဒကို မပြင်ပေးဘူး''ဟု ဦးမင်းသိန်းက ပြောသည်။

ယခင်က  တစ်ရက်လျှင် ကုန်တင်ယာဉ် အစီးရေ ၄ဝဝ ခန့်ဖြင့် တင်ပို့ခဲ့သော်လည်း တရုတ်နိုင်ငံမှ အစားထိုး ကုန်စည်အနေဖြင့် တင်သွင်းနေသည့်အတွက် လတ်တလောတွင် တစ်ရက်လျှင် ယာဉ်အစီးရေ ၁၂ဝ ခန့်သာ ဝင်ရောက်နိုင်ကြောင်း သိရသည်။ 

လတ်တလော တင်ပို့နေသည့်ဆန်များမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်ပသို့ တင်ပို့မည့် ပို့ကုန်လိုင်စင်အတွက်  နယ်စပ်လမ်းကြောင်းမှ လိုင်စင် ချထားပေးသည့် ဆန်တန်ချိန်ငါးသောင်းကို  တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။   

 

Read 19 times Last modified on Tuesday, 30 June 2020 08:31