SJ WorldNews - шаблон joomla Авто

ငရုတ်ဈေးကွက် ကောင်းမွန်လာသောကြောင့် အအေးခန်း သိုလှောင်ရုံ ၁၀ ခုခန့် တိုးချဲ့ တည်ဆောက်လာ

Wednesday, 01 July 2020 10:26 font size decrease font size decrease font size increase font size increase font size

ပုသိမ်  ဇွန်  ၃၀

ပြည်ပဈေးကွက်သို့ ငရုတ်တင်ပို့ရာတွင် အရည်အသွေး ကောင်းမွန်စေရန်  ငရုတ်အအေးခန်း သိုလှောင်ရုံများ   တိုးချဲ့တည်ဆောက်လျက် ရှိပြီး နှစ်နှစ်တာ ကာလအတွင်း ၁၀ ခုခန့် ရှိလာကြောင်း မြန်မာနိုင်ငံ ငရုတ်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဒေါ်ဥမ္မာကျော်ထံမှ သိရသည်။

ငရုတ်အအေးခန်းသိုလှောင်ရုံကို ဧရာဝတီတိုင်း ဒေသကြီးရှိ ချောင်းကြီး၊ မအူပင်၊ ပန်းတနော် စသည့်မြို့နယ်တို့နှင့် မန္တလေး တိုင်းဒေသကြီး  မြစ်သား၊  ကျောက်ဆည် စသည့်မြို့နယ်တို့၌ တည်ဆောက်ခြင်းဖြစ် သည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ဈေးကောင်းပိုမိုရရှိရန် ယခုနှစ် ငရုတ်ရာသီတွင် မြဝတီမြို့နယ်၌ အအေးခန်း သိုလှောင်ရုံ တည်ဆောက်ရန်  ကြိုးပမ်းခဲ့သော်လည်း     COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။

““မြဝတီမှာ မြေနေရာတွေကြည့်ပြီးပြီ။ ထိုင်းနိုင်ငံကို ငရုတ် အလွယ်တကူ တင်ပို့နိုင်ဖို့အအေးခန်း သိုလှောင်ရုံ ဆောက်ကိုဆောက်ရမယ်။ နောက်ထပ် သထုံမြို့နယ်မှာလည်းအအေးခန်းသိုလှောင်ရုံ တည်ဆောက်ဖို့ ဆွေးနွေးနေပါတယ်”” ဟု ဒေါ်ဥမ္မာကျော် ကပြောသည်။

မြန်မာ့ငရုတ်ကို တရုတ်၊ ထိုင်း စသည့် နိုင်ငံတို့သို့  အဓိကထား  တင်ပို့လျက်ရှိရာ အအေးခန်း သိုလှောင်ရုံများမှတစ်ဆင့် အအေးခန်း ကားများဖြင့် တင်ပို့လျက်ရှိရာ ဈေးကွက်ကောင်းချိန် စောင့်ဆိုင်း တင်ပို့ရန်  အအေးခန်း သိုလှောင်ရုံများ လိုအပ်ခြင်းဖြစ် ကြောင်း သိရသည်။  

 

Read 16 times Last modified on Wednesday, 01 July 2020 10:28