SJ WorldNews - шаблон joomla Авто

အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်း ပြန်လည်သွက်လာ

Wednesday, 01 July 2020 10:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ အိမ်ခြံမြေများ  ယခုအခါ အရောင်းအဝယ်   ပြန်လည်သွက်လက်လာကြောင်း   မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (နေပြည်တော်)တွဲဖက်အတွင်းရေးမှူး(၂)  ရွှေနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အဖွဲ့ခေါင်းဆောင်   ဦးတေဇာအောင်ထံမှ သိရသည်။

အရောင်းအဝယ် သွက်လာမှုနှင့် ပတ်သက်၍ ““အခုအချိန်မှာတော့ ရန်ကုန်၊ မန္တလေးဘက်က ဝယ်လက်တွေ ရှိလာတာကြောင့် လွန်ခဲ့တဲ့သုံးလလောက်က အခြေအနေနဲ့နှိုင်းယှဉ်ရင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် သွက်လာပါတယ်။ အရင်က တစ်လကို သုံး၊ လေးကွက်လောက်သာ အရောင်းအဝယ်ဖြစ်ပြီး   အခုဆိုရင် တစ်လကို ၁၀ ကွက်ထက်မနည်း အရောင်းအဝယ်ဖြစ်ပါတယ်””ဟု  ဦးတေဇာအောင်က  ပြောသည်။

ထို့ပြင်   အိမ်ခြံမြေအရောင်းအဝယ် အဖြစ်ဆုံးနေရာမှာ   ပုဗ္ဗသီရိမြို့နယ်ထဲမှ  မြေကွက်များ ဖြစ်ပြီး ပေ ၄၀ x ပေ ၆၀ တစ်ကွက်လျှင် ငွေကျပ်သိန်း ၁၅၀ မှ  ၂၀၀၊ ပေ ၆၀x ပေ ၈၀ တစ်ကွက်လျှင် ငွေကျပ် သိန်း  ၂၅၀ မှ ၃၅၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ် ဖြစ်လျှင် ငွေကျပ်သိန်း ၁၀၀ လျှင် အကျိုးဆောင်ခ  ငွေကျပ်သုံးသိန်း ရရှိကြောင်း သိရသည်။  

 

Read 16 times Last modified on Wednesday, 01 July 2020 10:33