SJ WorldNews - шаблон joomla Авто

ကုန်ကြမ်းဈေး ထက်ဝက်မြင့်တက်လာမှုကြောင့် အိုးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ

Tuesday, 10 October 2017 10:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၌ ကုန်ကြမ်းဈေး ထက်ဝက်ခန့်မြင့်တက်မှုနှင့် ပညာ ရှင်ရှားပါးမှု တို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာကြောင်း ဦးခင်မောင်မြင့်နှင့် ဒေါ်မေမာထွန်းမိသားစု အိုးလုပ်ငန်းပိုင်ရှင် ဒေါ်မေမာထွန်းထံမှ သိရသည်။

ယခုကဲ့သို့ ကုန်ကြမ်းဈေးနှုန်းမြင့်တက်ရာတွင်  ယခင်က လှည်းလေးစီးပါ ထင်းတစ်လံလျှင် ငွေကျပ် သုံးသောင်းမှ ယခုအခါ ငွေကျပ် သုံးသောင်းငါးထောင်၊ မြေကြီးတစ် တုံးလျှင် ငွေကျပ် ၁၃၆ ကျပ်မှ ယခုအခါ ၂၇၂  ကျပ်အထိ  ဈေးနှုန်းမြင့်တက်ခဲ့သည့် အတွက်  လုပ်ငန်းလုပ်ကိုင်သူ   လျော့နည်းလာရခြင်း ဖြစ်ကြောင်း သိရသည်။

''ကုန်ကြမ်းဈေးက မနှစ်ကနဲ့ ဒီနှစ်တောင်မတူဘူး။ ဈေးတက်သွားတာ။ မြေကြီးက တစ်ဆကနေ  နှစ်ဆတက်သလိုဖြစ်သွားတာပေါ့။  အိုးဈေးက မတက်ရသေးဘူး။ အဲဒီ အပေါ်မှာ အခက်အခဲရှိနေတယ်။ ဒီသီတင်း ကျွတ်ပြီးရင်တောင်  ဒီထက်  ထပ်တက်ဦး မလားဆိုတာ မသိသေးဘူး'' ဟု ဒေါ်မေမာထွန်းကပြောသည်။

ယခင်က တွံတေးမြို့ အိုးဖိုအနောက် ရပ်ကွက်၌ အိုးလုပ်ငန်း လုပ်ကိုင်သူဦးရေ ၅ဝ ကျော်ရှိရာမှ လက်ရှိတွင် ၁ဝ ဦးခန့်သာ ကျန်ရှိပြီး ယင်း ၁ဝ ဦးတွင် ထုတ်လုပ် သူခြောက်ဦးခန့် ပါရှိကြောင်း သိရသည်။

ပန်းအိုးအကြီးအသေးမှအစပြု၍ အမျိုးအစား ၁ဝ မျိုးခန့် ထုတ်လုပ်ကာ တစ်အိုးလျှင် ငွေကျပ် တစ်ထောင်မှ လေးထောင့် ငါးရာအထိ  ဈေးနှုန်းအသီးသီးရှိပြီး လှိုင် သာယာ၊  ထောက်ကြန့်၊   မင်းဓမ္မကုန်း၊ ဃ ဈေးနှင့် ပဲခူးမြို့တို့သို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

Read 538 times Last modified on Tuesday, 10 October 2017 10:56