SJ WorldNews - шаблон joomla Авто

မုံရွာဒေ သထွက် ကျောက္ကာယွန်း ထည်ပစ္စည်းများ ဝယ်ယူ အသုံးပြုသူ နည်းပါးလာ

Friday, 11 August 2017 11:56 font size decrease font size decrease font size increase font size increase font size

မုံရွာ   သြဂုတ်   ၁ဝ

စစ်ကိုင်း တိုင်းဒေသကြီး   မုံရွာမြို့နယ် ကျောက္ကာကျေးရွာတွင် ရှေးယခင်ကတည်းက မိရိုးဖလာလုပ်ငန်း အဖြစ် လုပ်ကိုင်ရောင်းချလျက်ရှိသော ယွန်းထည် ပစ္စည်းများမှာ ယခုအခါ ဝယ်ယူ အသုံးပြုသူ နည်းပါးလာကြောင်း ကျောက္ကာယွန်းထည် ထုတ် လုပ်ရောင်း ချသူများထံမှ သိရသည်။

''ဟိုတုန်းက ယွန်းထည်တွေ ရောင်းအားကောင်းတယ်။ ၁ဝ နှစ်လောက်တော့ရှိပြီ။ ပုံစံတူယွန်းထည် အတုတွေ   ဝင်လာပြီးတဲ့နောက်ပိုင်းမှာ ရောင်းအားကျလာတယ်။  ယွန်းထည်ဆိုင်တွေကလည်း ယွန်းထည် ပစ္စည်းတွေကို သီးသန့်မရောင်းတော့ဘဲ အခြား ကုန်ပစ္စည်းတွေနဲ့ တွဲပြီးရောင်းကြရတဲ့အထိ ယွန်းထည် ပစ္စည်းတွေက ရောင်းအားကျလာတယ်။ ကျွန်တော်တို့ရွာမှာ ဟိုတုန်းက ယွန်းထည်လုပ်ငန်းကို တစ်ရွာလုံးနီးပါးလုပ်ကြတယ်။ အခုတော့ ၁၂ ဦးလောက် ပဲရှိတော့တယ်။ အဲဒီအထဲမှာ အစဉ် အဆက် လုပ်ကိုင်သူက သုံးဦးလောက်ပဲ ရှိတော့တယ်။ သစ်စေး၊ ဝါးနဲ့ လုပ်အားခ ဈေးနှုန်းတွေ တက်လာပြီး ပစ္စည်းရောင်း အားကလည်း ကျလာတော့ အခြား လုပ်ငန်း တွေပဲ ပြောင်းပြီးလုပ်ကိုင်ကြတဲ့သူတွေများလာတယ်။ အခု ကွမ်းအစ်၊ ဒေါင်း လန်း၊ ဆွမ်းအုပ်၊ လက် ဖက်အစ်၊ ပွဲပြင်အုပ်၊ သေတ္တာတွေကို ရောင်းချရသေးတယ်။ ပြည်တွင်းကပဲ ဝယ်ယူမှုများပါတယ်'' ဟုကျော က္ကာကျေးရွာမှ ယွန်းထည်ပစ္စည်းထုတ်လုပ်ရောင်းချသူ ဦးမင်းလှိုင်က ပြောသည်။

 မုံရွာမြို့နယ်ကျောက္ကာကျေးရွာမှ လက်ဖက်အစ်၊   ကွမ်းအစ်၊  ဒေါင်းလန်း(ကြီး၊သေး)၊ ဆွမ်းအုပ် (ကြီး၊ သေး)၊ လင်ပန်း(ကြီး၊သေး)၊ ပွဲပြင်အုပ်၊  သေတ္တာ(အသေး) စသည့် ယွန်းထည် ပစ္စည်းများကို ထုတ်လုပ်ပြီး မုံရွာမြို့နယ် ကျော က္ကာ ဆုတောင်းပြည့်ရွှေ ကူနီ ဘုရားကြီးတွင် ရောင်းချသည့် အပြင်ရန် ကုန်မြို့၊ မန္တလေးမြို့နှင့်  နောင်ချိုမြို့ တို့သို့တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

Read 642 times Last modified on Friday, 11 August 2017 13:25