SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မော်လမြိုင် ကျွန်းမြို့၌ ယခုလအတွင်း ကွမ်းရွက်ဈေး မြင့်တက်နေ

Friday, 11 August 2017 12:24 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း  သြဂုတ်  ၁ဝ

ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကွမ်းခြံများပျက်စီးသဖြင့် သြဂုတ်လဆန်းတွင် ကွမ်းရွက် တစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝဝ ဈေးအထိ မြင့်တက်လျက်ရှိရာ ၂ဝ၁၇  နှစ်အတွင်း အမြင့်ဆုံးကွမ်းဈေး ဖြစ်ေ ကြာင်း ကွမ်းဒိုင်များထံမှ သိရသည်။

ဇူလိုင်လအတွင်း ရိုးရိုးကွမ်းရွက် တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ၊  ယာကွမ်းရှယ် တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝဝ  သာရှိခဲ့ပြီး သြဂုတ်လ ပထမပတ်တွင် ရိုးရိုးကွမ်းရွက် တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝဝ နှင့် ယာကွမ်းရှယ် တစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝဝ ဈေးအထိ မြင့်တက်လာသည်။ မော်လမြိုင် ကျွန်းမြို့နယ်ရှိ ကွမ်းခြံများ အတွင်းသို့ မြစ်ရေဝင် ရောက်ခဲ့ခြင်း၊ မိုးများရက် ဆက်ရွာသွန်းခြင်းတို့ကြောင့် ပုဂံပုံ၊ ဘုရားကြီး၊ လှိုင်းဘုန်း၊ ဝဲဒေါင့်၊ ဝက်ကွင်း၊ မစိုးရိမ်၊ မရပ်အုန်းပင်စု၊ ဇီးပင်စု၊ ရေတွင်းကုန်း စသည့်ကျေးရွာတို့ရှိ ကွမ်းခြံ များ ပျက်စီးသွားကြောင်း သိရသည်။

Read 725 times Last modified on Friday, 11 August 2017 12:50