SJ WorldNews - шаблон joomla Авто

တန်းတူ .......အခွင့်အရေး.......လိုချင်ရင်...ပေးနိုင်ကျွေးနိုင်ရမယ်............

Friday, 24 January 2020 09:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်န၀ါရီ   ၂၃

၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) ပထမနေ့ကို ယနေ့ညနေပိုင်းတွင် စတင်ကျင်းပရာ Chinland အသင်းနှင့် မြ၀တီ အသင်းတို့ နိုင်ပွဲ ရရှိခဲ့သည်။

စလင်းကွင်း၌ ကျင်းပသည့် ပွဲတွင် မြ၀တီ အသင်းက ကချင် ယူနိုက်တက် အသင်းကို ၂ဂိုး ဂိုးမရှိ၊ ပဒုမာကွင်း၌ ကျင်းပသည့် ပွဲတွင် Chinland အသင်းက မောရ၀တီ အသင်းကို ၃ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။  ၂၀၁၉ရာသီတွင် တတိယ ရခဲ့သည့် မြ၀တီ အသင်းသည် အဖွင့်ပွဲတွင် အမှတ်ပြည့် ရယူနိုင်ခဲ့ပြီး ၂ ဂိုးပြတ် အနိုင်ရခဲ့သည်။

မြ၀တီအသင်းအတွက် အနိုင်ဂိုးများကို  ၁၁မိနစ်တွင် ကောင်းစည်သူနှင့် ၇၁မိနစ်တွင်  သန့်ဇင်အောင် တို့က သွင်းယူ ခဲ့ပြီး Chinland အသင်းသည် အဖွင့်ပွဲတွင် အနိုင်ရသော်လည်း မောရ၀တီ အသင်း၏ ရုန်းကန်မှုကြောင့် အားကုန် ထုတ် ကစားခဲ့ရသည်။ Chinland အသင်းအတွက် ဂိုးများကို ၂၈ မိနစ်တွင် ဒေးဗစ်ရွယ် ဖယ်လာ၊ ၆၉မိနစ်တွင် ဘာဘာ ကျူဒီနှင့် ၇၃ မိနစ်တွင် မန်ထိပ်ပေါင်တို့က   သွင်းယူခဲ့သည်။ မောရ၀တီ အသင်းအတွက်  ဂိုးများကို ကျော် ဇေယျ တစ်ဦးတည်းက  ၂၇၊  ၅၁ မိနစ်တွင် သွင်းယူခဲ့သည်။

ပွဲစဉ်(၁) ဒုတိယနေ့ကို ဇန်န၀ါရီ ၂၄ ရက်(ယနေ့) တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး စလင်းကွင်း၌ ငွေကြယ်ပွင့် အသင်းနှင့် Junior Lions အသင်း၊ ပဒုမာကွင်း၌ တကသိုလ်အသင်းနှင့် ယောမြေအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

 

Read 123 times Last modified on Friday, 24 January 2020 09:05