နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး  

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 
နေပြည်တော်၊ မေ - ၂၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန် မြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိကြ ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ မှိုနှင့် ကြက်ဥ များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ကရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဘက်စုံစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်အား အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်း သက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေးအထောက်အကူပြုစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပ ပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူများကိုလည်း ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမြတ်ကို အဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေး ဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိက စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးဆောင်ရွက် ရန် လိုကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျ စရိတ်များနည်းပါးမည်ဆိုပါက စိုက်ပျိုးမွေးမြူရေး အခြေခံစားကုန်များ ဈေးသက်သာ စွာဖြင့်ရရှိနိုင်မည်ဖြစ်သဖြင့် တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ပြင် ဒေသတွင်း ဖူလုံမှုရရှိပါက ပြင်ပဒေသများနှင့် ပြည်ပ သို့ တင်ပို့ရောင်းချနိုင်ရေး အေးခဲအသားငါးများ၊ အသားခြောက်များနှင့် အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။