ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ ၈ ရက်

၁။           ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပ ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ်တွေ့ချက်များနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲ လက်မှတ်များ မြေပြင်ဖွင့်ဖောက်စစ်ဆေးခဲ့မှုအခြေအနေ မြို့နယ်အလိုက် စိစစ်တွေ့ရှိမှုစာရင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှု စာရင်းချုပ် များကို ၁၆- ၂- ၂၀၂၁ ရက်နေ့မှ    ၇- ၇- ၂၀၂၁ ရက်နေ့အထိ စိစစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။            ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သော မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးခဲ့ရာ မြို့နယ်တိုင်းတွင်လည်းကောင်း မဲရုံတိုင်းတွင် လည်းကောင်း မဲစာရင်းအရေအတွက်များပြားစွာ မှားယွင်းမှုများ ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရပြီး ထိုသို့ ဖြစ်ပွားရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။               ထိုသို့ စစ်ဆေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်မပါရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများ၊ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်ပါဝင်နေသူများကို ခွဲခြား၍ မြို့နယ်အလိုက် စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အပြန်အလှန် စစ်ဆေးခြင်း (Cross Check) ၊ တစ်နိုင်ငံလုံး အပြန်အလှန်စစ်ဆေးခြင်း (Cross Check) များအရ မဲစာရင်း ထပ်နေသူများ၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ စာရင်းများအရ မဲမသမာမှုဖြစ်ပွားခဲ့သော မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦး ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအလိုက် စာရင်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-