မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦးက  အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်

 မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦးက  အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်

နေပြည်တော်၊ ဩဂုတ် ၁၉

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေ ဦးမျိုးထွန်း(၃၉)နှစ် (ဘ)ဦးကျော်သိန်းအား PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဝင် အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဦးမျိုးထွန်း(၃၉)နှစ် (ဘ)ဦးကျော်သိန်းသည် ၎င်း၏နေအိမ်၌ မိသားစု နှင့်အတူ  ရှိနေစဉ် အစိမ်း ရောင် ပြောက်ကျားဦးထုပ်ဝိုင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ တောစီး ပြောက်ကျားဖိနပ်များ ဝတ်ဆင်ထားကာ မျက်နှာဖုံးတပ်ဆင်ထားသည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦးက ခြံစည်းရိုးအုတ်တံတိုင်းနှင့် သွပ်ဆူးကြိုးများအား ဖျက်ဆီး၍ ခြံဝင်းအတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့တံခါးအား ဆွဲဖွင့်နေသဖြင့် ဦးမျိုးထွန်းမှ တံခါးဖွင့် မေးမြန်းစဉ် ၎င်းတို့ ၂ ဦးအနက် အမျိုးသား ၁ ဦးမှ  သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမျိုးထွန်းတွင် ယာဘက်မေးရိုးရှပ်ထိ ဒဏ်ရာ ၁ ချက်ရရှိခဲ့ပါသည်။

            ဆက်လက်၍ အဆိုပါ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက ဦးမျိုးထွန်း အား ခြိမ်းခြောက်ကာ နေအိမ်ရှိ မီးခံသေတ္တာသော့အား ဖွင့်ခိုင်း၍ အတွင်းရှိ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ ၎င်းတို့ ပစ်ခတ်ခဲ့သည့် LC 87 စာတမ်းပါ ကျည်ခွံ ၁ ခုနှင့် ကျည်တောင့် ၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

            အထက်ပါဖြစ်စဉ်မှ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည့် PDF အကြမ်းလက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။