သတင်းထုတ်ပြန်ခြင်း

 သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇူလိုင် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် (ကြားနာ စစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း) အတွက် အမိန့်အမှတ် (၁၄၇/၂၀၂၁)အား ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။

ဖော်ပြပါ အမိန့်အမှတ်(၁၄၇/၂၀၂၁) စာပိုဒ်(၂)တွင် ပါရှိသည့်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီကာလတွင် သက်ဆိုင်ရာတရားရုံးများ၌ တရားစွဲဆိုခံရသည့် အမှုအမျိုးအစားပေါင်း ၁၁ မျိုးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အသီးသီးပါဝင်သည့် (တရားရုံးစစ်ဆေးဆဲအမှုများ စိစစ်ရေးအဖွဲ့) ဖွဲ့စည်းစိစစ်ခဲ့ပြီး အကျုံးဝင်သူများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှ ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်းနှင့် နယ်မြေအလိုက်စေလွှတ်ပေးမှု အခြေအနေအား ထပ်မံသတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။