ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကျဆင်းရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကျဆင်းရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၂၀

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကျဆင်းရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ကချင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ရောဂါကျဆင်းရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။