ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ညှိနှိုင်း ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် - ၂၀

ကချင်ပြည်နယ်အတွင်း ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် တိုးတက်မှုရှိအောင် ဆောင် ရွက်ရေးနှင့် လူနာသစ်များအား ထပ်မံကုသရေးအတွက် ပြင်ဆင်ထားရှိရန် ဆောင်ရွက် မည့် အစီအစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးခက်ထိန်နန် ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများနှင့် ပတ်သက်သည့် ဆွေးနွေးတင်ပြမှု များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ လူနာသစ်များ ထပ်မံထားရှိရန် ပြင်ဆင်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။