ကစားသမားအစုံအလင်မပါဝင်သည့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိပြီး လိုင်လီအသင်း ၂၀၂၁ ပြင်သစ်စူပါဖလား ချန်ပီယံဆုဆွတ်ခူး

ကစားသမားအစုံအလင်မပါဝင်သည့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိပြီး လိုင်လီအသင်း ၂၀၂၁ ပြင်သစ်စူပါဖလား ချန်ပီယံဆုဆွတ်ခူး

၂၀၂၁    ပြင်သစ်စူပါဖလားဗိုလ်လုပွဲစဉ်အဖြစ် သြဂုတ် ၂ ရက် နံနက်က ပီအက်စ်ဂျီအသင်းနှင့်  လိုင်လီအသင်းတို့ယှဉ်ပြိုင်ကစားရာ   အဓိကကစား သမားအစုံအလင်မပါဝင်နိုင်သည့်     ပီအက်စ်ဂျီ အသင်းကို အနိုင်ရရှိပြီး လိုင်လီအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီအသင်း၌ အဓိက ကစားသမားများဖြစ်သည့်   နေမာ၊   အမ်ဘတ်ပီ၊ ဗာရက်တီ၊ မာကွင်ဟို စသည့် အဓိကကစားသမားများ မပါဝင်ခဲ့သောကြောင့် လိုင်လီအသင်းကို အသာစီးရယူနိုင်ရန်ခက်ခဲခဲ့ပြီး ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ်တွင် ရှာကာက လိုင်လီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ပထမပိုင်းတွင် လိုင်လီအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်  ပီအက်စ်ဂျီ အသင်းက  ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ရယူ နိုင်ရန် အသစ်ခေါ်ယူထားသည့် ဝင်နယ်ဒမ်အပါအဝင် ကစားသမားများကို လူစားလဲအသုံးပြုခဲ့သော်လည်း  ပွဲပြီးဆုံးချိန်အထိ  ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသည့်အတွက် လိုင်လီအသင်းက ရှာကာ၏တစ်လုံး တည်းသောသွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်တွင် ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်စူပါဖလားသမိုင်းတစ်လျှောက်တွင် ပီအက်စ် ဂျီအသင်းက စုစုပေါင်း ၁၀ ကြိမ် ချန်ပီယံဆုရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Ref:L'Equipe