ကမ္ဘာကြီးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကိုတားဆီးနိုင်ခဲ့သင့်ဟု ပညာရှင်များပြော

ဂျီနီဗာ၊ ကျန်းမာရေး

ကမ္ဘာကြီးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ခဲ့သင့်ကြောင်း၊ သို့သော် ချီတုံချတုံဖြစ်မှုနှင့် ညံ့ဖျင်းသော ဆောင်ရွက်မှုတို့ကြောင့် သတိပေးချက်များက အသုံးမဝင်ဖြစ်သွားကြောင်း လွတ်လပ်သော ကမ္ဘာ့ကျွမ်းကျင်ပညာရှင်အဖွဲ့(IPPPR)က မေ ၁၂ ရက်တွင်ထုတ်ပြန်သည်။

ဆိုးဝါးသောဆုံးဖြတ်ချက်များကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွင်း လူ ၃ ဒသမ ၃ သန်းသေဆုံးပြီး ကမ္ဘာ့စီးပွားရေးကိုပျက်စီးစေခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

အဖွဲ့အစည်းများအနေဖြင့် ပြည်သူများကို ကာကွယ်နိုင်ခြင်းမရှိသည့်အပြင် သိပ္ပံပညာကို မယုံကြည်သော ခေါင်းဆောင်များက ကျန်းမာရေးလုပ်ငန်းတွင်ကြားဝင်စွက်ဖက်မှုများပြုလုပ်ပြီး ပြည်သူများ၏ ယုံကြည်မှုကို ဖျက်ဆီးခဲ့ကြောင်း IPPPR ကပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖြစ်ပွားသော ထိုရောဂါအပေါ် အစောပိုင်း တုံ့ပြန်မှုများမှာ အရေးပါမှုမရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် သတိပေးချက်များကို  အရေးစိုက်ခြင်းမရှိ ကြောင်း ထိုအဖွဲ့ကပြောသည်။

ထို့ကြောင့် ချမ်းသာသောနိုင်ငံများအနေဖြင့်  လက်ရှိအဆိုပါ ရောဂါဖြစ်ပွားမှုကိုကိုင်တွယ်ရန် အဆင်းရဲဆုံး နိုင်ငံများသို့ ကာကွယ်ဆေးအလုံးပေါင်း တစ်ဘီလံလှူဒါန်းရန်နှင့် နောက်ထပ်ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ငွေကြေးထောက်ပံ့ရန် ထိုအဖွဲ့က တိုက်တွန်းထားသည်။                        

Ref: TST