ကမ္ဘာ့လူဦးရေ၏လေးပုံတစ်ပုံ အကြားအာရုံချို့ယွင်းမှုခံစားရနိုင်

ကမ္ဘာ့လူဦးရေ၏လေးပုံတစ်ပုံ အကြားအာရုံချို့ယွင်းမှုခံစားရနိုင်

 

ဂျီနီဗာ၊ ကျန်းမာရေး

၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့လူဦးရေ၏လေးပုံတစ်ပုံသည် အကြားအာရုံချို့ယွင်းမှုခံစားရနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က မတ် ၂ ရက်တွင်သတိပေးထားသည်။

အကြားအာရုံချို့ယွင်းစေနိုင်သည့်အကြောင်းရင်းများမှာ ကူးစက်ရောဂါများ၊အခြားရောဂါများ၊ မွေးရာပါအခြေအနေ၊ အသံဆူညံမှုနှင့် ဘဝနေထိုင်မှုပုံစံတို့ကြောင့်ဖြစ်နိုင်ပြီး ထိုသို့သောအရာများကို ကာကွယ်နိုင်ကြောင်း ကမ္ဘာ့ ပထမဆုံး အနေဖြင့်ထုတ်ပြန်သည့် အဆိုပါအကြားအာရုံဆိုင်ရာအစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုသို့ကာကွယ်မှုများလုပ်ဆောင်ရေးအတွက် လူတစ်ဦးအနေဖြင့် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ဒေါ်လာသာကုန်ကျနိုင်ကြောင်း သိရသည်။

သို့မဟုတ်ပါက ထိုအကြားအာရုံချို့ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ၁ ထရီလီယံနီးပါးဆုံးရှုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့လူဦးရေ၏ငါးပုံတစ်ပုံဖြစ်သော လူဦးရေ ၁ ဒသမ ၆ဘီလီယံသာ အကြားအာရုံချို့ယွင်း မှုနှင့် ရင်ဆိုင်နေရကြောင်း၊ လာမည့်နှစ်ပေါင်း၃၀ အတွင်း အကြားအာရုံချို့ယွင်းသူ၂ ဘီလီယံခွဲအထိမြင့် တက်လာနိုင် ကြောင်း၊အဆိုပါ ၂ ဘီလီယံခွဲအနက် သန်း ၇၀၀ မှာအလွန်ဆိုးဝါးသောအခြေအနေနှင့်ရင်ဆိုင်ရနိုင်ပြီး ကုသမှုကို မဖြစ်မနေခံယူရမည်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင်ဖော်ပြချက်အရသိရသည်။

အကြားအာရုံချို့ယွင်းရခြင်း၏ အဓိကအချက်မှာ ဂရုစိုက်မှုနည်းပါးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဝင်ငွေနည်းနိုင်ငံများ တွင်ဖြစ်ကာ အကြားအာရုံချို့ယွင်းသူများအနက် ၈၀ ရာခိုင်နှုန်းမှာ ထိုနိုင်ငံများတွင်နေထိုင်ကြောင်းနှင့် လိုအပ်သော စောင့်ရှောက်ကုသမှုကိုမရရှိကြောင်းသိရသည်။