ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon d'Or) အတွက် မက်ဆီ ထိပ်ဆုံးမှ ရေပန်းစားနေသော်လည်း လက်ရှိခြေစွမ်းများကြောင့် အပြောင်းအလဲ ဖြစ်လာဖွယ်ရှိနေ

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon d'Or) အတွက် မက်ဆီ ထိပ်ဆုံးမှ ရေပန်းစားနေသော်လည်း လက်ရှိခြေစွမ်းများကြောင့် အပြောင်းအလဲ ဖြစ်လာဖွယ်ရှိနေ

ယခုနှစ်တွင် ပေးအပ်ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d'Or) အတွက် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီ  ထိပ်ဆုံးမှ ရေပန်းစားနေသော်လည်း လက်ရှိပီအက်စ်ဂျီ အသင်းတွင်  ပုံစံ ကောင်းပြသရန် ရုန်းကန်နေရမှုကြောင့်  အပြောင်း အလဲ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

မက်ဆီသည် ပြီးခဲ့သည့် ဘောလုံးရာသီ လိဂ်ပွဲစဉ်များ ပြီးဆုံးချိန် ရေပန်းစားမှုစာရင်းတွင် အဆင့် (၅)နေရာ၌သာ  ရပ်တည်ခဲ့သော်လည်း   ဇူလိုင်လက အာဂျင်တီးနား အသင်းနှင့်အတူ   ကိုပါအမေရိက ဖလားဆွတ်ခူးနိုင်ပြီးနောက် ယခုနှစ် ကမ္ဘာ့အကောင်း ဆုံး ကစားသမားဆုအတွက် ပြိုင်ဘက်ကစားသမားများထက် အပြတ်အသတ်အသာစီး ရရှိခဲ့ပြီး ထိပ်ဆုံးတွင် ရပ်တည်လာနိုင်သည်။

ပြီးခဲ့သည့်နှစ် အတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် ထိပ်တန်းလိဂ်များ ပြိုင်ပွဲပြီးဆုံးသည်အထိ မကျင်းပနိုင်ခဲ့သည့်အတွက် ကမ္ဘာ့အကောင်းဆုံးကစား သမားဆုကို ပေးအပ်ခြင်း မရှိခဲ့သော်လည်း ယခုနှစ် ဒီဇင်ဘာလအတွင်း  ပြန်လည်ပေးအပ် ချီးမြှင့်မည် ဖြစ်ပြီး  နောက်ဆုံး ဆန်ခါတင် ကစားသမားသုံးဦး စာရင်းကို မကြာမီကြေညာမည်ဖြစ်သည်။

ယခုနှစ်   ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ရေပန်းစားမှု စာရင်းတွင် မက်ဆီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဘိုင်ယန်မြူးနစ် အသင်းနှင့် ပြိုင်ပွဲ စုံ ၄၈ ဂိုးသွင်းယူခဲ့သည့် လီဝန်ဒေါစကီးက အဆင့် (၂)၊  ချယ်လ်ဆီးအသင်းနှင့်  ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊  အီတလီအသင်းနှင့် ယူရို ၂ဝ၂ဝ ဖလား ဆွတ်ခူးနိုင်သည့်  ဂျော်ဂျင်ဟိုက အဆင့်(၃)နေရာ၌ ရေပန်းအစားဆုံး ကစားသမား သုံးဦးအဖြစ်  ရပ်တည်နေသည်။

¤င်းတို့သုံးဦးနောက်တွင်    ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား   ကန်တီက  အဆင့်(၄)၊ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူက အဆင့် (၅)၊ အဆင့် (၆) နေရာ၌ အပြောင်းအလဲဖြစ်ပေါ် ခဲ့ပြီး ယခင်က အဆင့်(၉)နေရာ၌ ရပ်တည်နေသည့် ဟာလန်းက အဆင့်(၆)၊ အဆင့်(၇)နေရာ၌လည်း အပြောင်းအလဲဖြစ်ခဲ့ပြီး ယခင် အဆင့်(၆)နေရာ၌ ရပ်တည်ခဲ့သည့်  ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီက အဆင့်(၇)၊ မန်ယူအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက အဆင့်(၈)၊ အစောပိုင်းက  အဆင့်(၇)နေရာ၌ ရပ်တည်ခဲ့သည့်  မန်စီးတီးအသင်း ကွင်းလယ် ကစားသမား ဒီဘရိုင်းက အဆင့်(၉)နေရာသို့ ကျဆင်းခဲ့ပြီး ယခင်က အဆင့်(၁၁)နေရာ၌ ရပ်တည်ခဲ့သည့်    ရီးယဲယ်လ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘင်ဇီမာက အဆင့်(၁ဝ) နေရာအတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ် သည်။

မက်ဆီအနေဖြင့် လက်ရှိတွင် ထိပ်ဆုံးမှရေပန်း စားနေသော်လည်း  ပီအက်စ်ဂျီ အသင်းတွင်  ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်နေရမှုကြောင့် နောက်ဆုံး ဆန်ခါတင်သုံးဦး စာရင်းနှင့် လွဲချော်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။