ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ထားဝယ်မြို့နယ်ရှိ ငါးကျဲအင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

COVID-19 ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်းကိစ္စများ  အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များ အလိုက် လှူဒါန်းလျက် ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာရှိ ငါးကျဲအင်း ဘုန်းတော်ကြီးကျောင်းသို့ သွား  ရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသရ အမှူးပြုသော သံဃာတော်များ အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သာသနာရေး ဆိုင်ရာများနှင့် ပတ်သက်၍   လျှောက်ထားတင်ပြကာ သင်္ကန်း၊   ဆွမ်းဆန်တော်၊   ဆီနှင့်လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍   ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်ရှိ သံဃာတော်များနှင့်   သာသနာနွယ်ဝင် သီလရှင်များထံ နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။