ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အိမ်တွင်းအောက်ဆီဂျင်ကုထုံးနှင့်ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အိမ်တွင်းအောက်ဆီဂျင်ကုထုံးနှင့်ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အောက်ဆီဂျင်ကျလျှင်ဖြစ်စေ၊ လွန်ကဲလျှင်ဖြစ်စေ အန္တရာယ်ရှိပါသည်။  သို့ဖြစ်ပါ၍  အောက်ဆီဂျင်  တိုင်းစက်နှင့် အသက်ရှူစက်များကို လုံခြုံစိတ်ချမှုရှိစွာ အသုံးပြုနိုင်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပါသည်။ 

အသက်ရှင်ဖို့ရန်အတွက်မှာ ခန္ဓာကိုယ်ရှိ ဆဲလ်များဆီသို့ရောက်ရှိရန် အဆုတ်မှတစ်ဆင့်  အောက်ဆီဂျင်ကို ရှူသွင်းရသည်။  တစ်ခါတစ်ရံတွင်   သွေးတွင်း အောက်ဆီဂျင်ပမာဏသည်  ပုံမှန်ထက်ကျဆင်း နေခြင်းမျိုး ရှိတတ်ပါသည်။ ပန်းနာရင်ကျပ်၊ အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်အားနည်းသည့်ရောဂါ (Chronic Obstructive Pulmonary  Disease (COPD)) ၊ တုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါတို့သည် အောက်ဆီဂျင် Level ကို  ကျဆင်းစေနိုင်သည့် ရောဂါအချို့ဖြစ်ပါသည်။ အောက်ဆီဂျင် Level  အလွန်ကျဆင်းသွားသည့်အခြေအနေတွင် ပြင်ပမှအောက်ဆီဂျင်အပိုဆောင်း ရှူသွင်းရန်လိုအပ်ခြင်းကို  အောက်ဆီဂျင်ကုထုံးဆောင်ရွက်သည်ဟု   ခေါ်ပါသည်။
ခန္ဓာကိုယ်အတွင်း   အောက်ဆီဂျင်အပိုများ ဝင်ရောက်နိုင်စေရန်အတွက်   အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုမှာ Oxygen  Concentrator  (အောက်ဆီဂျင်ထုတ်လုပ်နိုင်သည့်စက်ငယ်)အသုံးပြုခြင်းဖြစ်သည်။ Oxygen  Concentrator များကို သက်ဆိုင်ရာဆရာဝန်၏   ဆေးအညွှန်းပါမှသာ  ရောင်းချခွင့်နှင့် အသုံးပြုခွင့်ရှိပါသည်။ 

သက်ဆိုင်ရာဆရာဝန်၏ ဆေးအညွှန်းမပါလျှင် Oxygen  Concentrator  ကို   မိမိနေအိမ်တွင် တပ်ဆင်အသုံးမပြုသင့်ပါ။  ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ  ကိုယ့်ကိုယ်ကိုယ်  အောက်ဆီဂျင်ပေးခြင်းသည်  အောက်ဆီဂျင်အဆိပ်သင့်ခြင်းကိုဖြစ်ပေါ်စေပြီး ကောင်းကျိုးထက်ဆိုးကျိုးကို  ပိုဖြစ်စေနိုင်ပါသည်။ အောက်ဆီဂျင်သည် လေထုထဲတွင် ၂၁ ရာခိုင်နှုန်းခန့် ပါဝင်သော်လည်း  အောက်ဆီဂျင်ပမာဏများစွာကို ရှူသွင်းခြင်းက အဆုတ်ကိုပျက်စီးစေပါသည်။ တစ်ဖက်တွင်လည်း   သွေးတွင်းအောက်ဆီဂျင်အလုံအလောက်မရခြင်းက  ံHypoxia ဟုခေါ်သည့်  ခန္ဓာကိုယ်တွင် oxygen ပြတ်လပ်မှု  အခြေအနေကို ရောက်ရှိစေပြီး  နှလုံး၊  ဦးနှောက်နှင့်  အခြားသောကိုယ်တွင်းအင်္ဂါများကို   ပျက်စီးစေပါသည်။ 

Oxygen Concentrator များသည် အခန်းတွင်း ရှိ လေထုထဲမှတစ်ဆင့် နိုက်ထရိုဂျင်ကို စစ်ထုတ်ပေးပြီး အောက်ဆီဂျင်ကုထုံးပြုလုပ်ရန်အတွက်  လိုအပ်သည့်  အောက်ဆီဂျင်ပမာဏကို ထုတ်ပေးပါသည်။ Oxygen Concentrator သည်  အထိုင်စက်အကြီးလည်းရှိသလို သယ်ရလွယ်ကူသည့် စက်အသေးလည်း ရှိပါသည်။  Oxygen Concentrator  များသည်   လေထုထဲရှိ    အောက်ဆီဂျင်စီးဆင်းမှုကို တွန်းအားမြှင့်ပေးသည့် သဘောမျိုးဖြစ်သည့်အတွက် Tank သို့မဟုတ် အခြားသော အောက်ဆီဂျင်ထည့် နိုင်သည့် ကွန်တိန်နာများနှင့်မတူပါ။ဘယ်အချိန်မှာသုံးမလဲမီးတောက်နေသော  အရာဝတ္ထုတစ်ခုခုနားတွင်ဖြစ်စေ၊  ဆေးလိပ်သောက်ရင်းဖြစ်စေ Oxygen  Concentrator  သို့မဟုတ်     အောက်ဆီဂျင်ပါဝင်သည့် မည်သည့်ပစ္စည်းကိုမဆို အသုံးမပြုသင့်ပါ။ 

အပူလွန်ခြင်းမှတစ်ဆင့် စက်ပျက်စီးခြင်းကို လျှော့ချနိုင်ရန်အတွက် Oxygen  Concentrator ကို အပြင်ဘက်တွင်ထားပါ။

Oxygen  Concentratorကို  လုံအောင်ဖုံးပိတ်ထားပါ။

ကောင်းကောင်းအလုပ်လုပ်ခြင်း   ရှိ^မရှိ အချိန်ပိုင်းအလိုက် စောင့်ကြည့်စစ်ဆေးပါ။ 

Oxygen  Concentrator  အသုံးပြုရသူဖြစ် လျှင် ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ အောက်ဆီဂျင် ူနလနူ ကို မိမိသဘောနှင့် အတိုးအလျှော့ မလုပ်သင့်ပါ။ 

အောက်ဆီဂျင် Level  ကို နေအိမ်မှာပင် မည်သို့ စောင့်ကြည့်မည်နည်း Pulse Oximeter ကို ပုံမှန်အားဖြင့်  လက်ဖျားထိပ်တွင်တင်၍  တိုင်းတာနိုင်ပါသည်။ ထိုစက်သည် သွေးဖောက်စရာမလိုဘဲ အလင်းတန်းများကို အသုံးပြုပြီး သွေးတွင်းအောက်ဆီဂျင်ကို   သွယ်ဝိုက်သော နည်းဖြင့် တိုင်းတာသည့်ကိရိယာဖြစ်ပါသည်။ 
Pulse Oximeter နဲ့ပတ်သက်ပြီး ဘာတွေသိထား သင့်လဲ Pulse Oximeter များသည် သွေးတွင်းအောက်ဆီဂျင်ကို  တိုင်းတာနိုင်သည်ဆိုသော်လည်း  တစ်ခါတစ်ရံတွင်  မမှန်ကန်သည့်  တိုင်းတာမှုရလဒ်များ ထွက်ပေါ်တတ်ပါသည်။  ဥပမာ-   သွေးလည်ပတ်မှုအားနည်းခြင်း၊ အရေပြားအရောင်အသွေး၊  အထူအပါး၊ အပူချိန်၊  ဆေးရွက်ကြီးသုံးစွဲထားခြင်းနှင့်  လက်သည်းနီဆိုးထားခြင်း  စသည့်အခြေအနေမျိုးတွင် တိုင်းတာမှုအမှားများ ထွက်ပေါ်တတ်ပါသည်။ 

အောက်ဆီဂျင် Level ကျဆင်းခြင်း လက္ခဏာများ

မျက်နှာ၊ နှုတ်ခမ်းနှင့် လက်သည်းများပြာလာခြင်း၊

အသက်ရှူကျပ်ခြင်း၊   အသက်ရှူရခက်ခဲ ခြင်း၊ ပို၍ချောင်းဆိုးလာခြင်း၊

မောပန်းနေခြင်း၊

ရင်ဘတ်နာခြင်း သို့မဟုတ် ရင်ကျပ်ခြင်း၊

သွေးခုန်နှုန်းမြန်ခြင်း၊

အချို့လူနာများသည် အောက်ဆီဂျင် Level ကျဆင်းနေသော်လည်း အထက်ပါလက္ခဏာများမပြပါ။ ထိုလူနာများ၏ အောက်ဆီဂျင် Level ကို ကျန်းမာရေးဝန်ထမ်းသာစမ်းသပ်သိရှိနိုင်ပါသည်။ 

ကိုဗစ်လူနာတစ်ဦးသည် အောက်ဆီဂျင်မည်မျှလိုသနည်း။ Oxygen Concentrator အသုံးပြုလျှင် လုံလောက်မှုရှိနိုင်ပါသလား။ကိုဗစ်ရောဂါကူးစက်သော်လည်း ရောဂါလက္ခဏာပြင်းထန်မှုအပေါ်တွင်မူတည်၍    အောက်ဆီဂျင်လိုအပ်မှုအမျိုးမျိုးကွဲပြားပါသည်။ ပျမ်းမျှအားဖြင့် ကိုဗစ်ရောဂါ ကူးစက်ခံရသူများ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အောက်ဆီဂျင်လိုအပ်ပါသည်။ နှာခေါင်းမှပိုက်သွင်း၍  အသက်ရှူရသူအရေအတွက်မှာ ထိုထက်ပင်ပို၍ နည်းပါသေးသည်။ 

အရွယ်ရောက်ပြီးသား လူတစ်ဦးသည် ပျမ်းမျှအားဖြင့် လဲလျောင်းနေစဉ်အချိန် တစ်မိနစ်အတွင်း အောက်ဆီဂျင် ၇ လီတာမှ ၈ လီတာအထိ ရှူသွင်း/ရှူထုတ်ပြုလုပ်ပါသည်။ ထို့ကြောင့် တစ်နေ့လျှင်လူတစ်ဦး ရှူသွင်း/ရှူထုတ်သည့်  အောက်ဆီဂျင်ပမာဏသည် ၁၁၀၀၀ လီတာ ခန့်ရှိပါသည်။ လေထုထဲမှ  ရှူသွင်းလိုက်သည့်လေထဲတွင် ပုံမှန်အားဖြင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းပါဝင်ပြီး ရှူထုတ်လိုက်သည့် လေတွင် ၁၅ ရာခိုင်နှုန်း ပါဝင်ပါသည်။    ထိုခြားနားသည့် အောက်ဆီဂျင်ပမာဏကို အဆုတ်ကစုပ်ယူထားလိုက်ပါသည်။ အကယ်၍ ထိုသို့အဆုတ်ကလုပ်ဆောင်
နေသည့် အောက်ဆီဂျင်စုပ်ယူနေမှုသည် အကြောင်းတစ်ခုခုကြောင့် လုံလောက်မှုမရှိပါက  အပိုဆောင်း အောက်ဆီဂျင် ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။

သတိထားရမယ့် လက္ခဏာတွေက ဘာတွေလဲလူနာတစ်ဦးသည် အောက်ဆီဂျင် ူနလနူ ၉၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည့်အခါတွင် ဆေးဘက်သုံး အောက်ဆီဂျင်ပေးရန်လိုအပ်ကြောင်း  ကိုဗစ်-၁၉ကုသသည့် ဆရာဝန်များကဆိုသည်။ ကိုဗစ်-၁၉ လူနာများသည်    ခြောက်မိနစ် လမ်းလျှောက်ကြည့်ပြီး  လမ်းမလျှောက်ခင်နှင့်  လမ်းလျှောက်ပြီးချိန် ၎င်းတို့၏ အောက်ဆီဂျင်Level ကို တိုင်းတာကြည့်သင့်ပါသည်။ အကယ်၍ အောက်ဆီဂျင် Level သည် တက်မလာဘဲ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထက်ထိ  ကျဆင်းသွားသည်ဆို လျှင် သတိထားရမည့်လက္ခဏာပင်ဖြစ်သည်။ 

အကယ်၍ လူနာသည် ၆ မိနစ်လမ်းလျှောက်နေစဉ် တွင်ပင် အသက်ရှူရခက်ခဲပြီး မောပန်းလာလျှင်ခန္ဓာကိုယ်သည် အောက်ဆီဂျင်ပြတ်လပ်နေပြီဖြစ်ကြောင်း ပြနေသည့်လက္ခဏာပင်ဖြစ်သည်။  ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့်သာ    ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင်ပေးရမည်ဖြစ်သည်။ 

ကိုဗစ်-၁၉ လူနာတစ်ဦးသည် အောက်ဆီဂျင်မည်မျှလိုအပ်သနည်း

ကိုဗစ်-၁၉ လူနာများ တစ်ဦးနှင့် တစ်ဦးမတူပါ။ အောက်ဆီဂျင်ရှူရန် လိုအပ်သူအချို့သည် တစ်မိနစ်လျှင် ၁ လီတာမှ ၂ လီတာ ရှူသွင်းကြောင်း တွေ့ရှိရသည်။ အကယ်၍ အဆုတ်၏ အောက်ဆီဂျင် လက်ခံရရှိမှုနှင့်  ပြန်လည်အသုံးပြုမှုစွမ်းရည် ကျဆင်းနေသည့်အခါမျိုးတွင် တစ်မိနစ်လျှင် အောက်ဆီဂျင် ၃ လီတာမှ ၄ လီတာအထိလိုအပ်ကြောင်း  တွေ့ရှိရသည်။ သို့သော်လည်း HFNC (နှာခေါင်းမှတစ်ဆင့် ပိုက်သွင်း၍ တွန်းအားမြင့်အောက်ဆီဂျင်ပေးခြင်း) အထောက်အပံ့လိုအပ်သည့် လူနာများလည်း ရှိပါ သည်။ ၎င်းတို့၏ အောက်ဆီဂျင်လိုအပ်ချက်သည် တစ်မိနစ်လျှင် ၆၀ လီတာ သို့မဟုတ် တစ်နာရီလျှင်၃၆၀၀ လီတာထိရှိကြောင်း တွေ့ရှိရပါသည်။ အချို့သော လူနာများသည် တစ်နေ့လျှင်အောက်ဆီဂျင် ၈၆၀၀၀ လီတာအထိပင်လိုအပ်ကြောင်း ဆရာဝန်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

OXYGEN CONCENTRATOR  တွေနဲ့ လုံလောက်ရဲ့လားပုံမှန်  အောက်ဆီဂျင်ဆလင်ဒါတစ်လုံးသည် ံHFNC လိုအပ်သည့် လူနာတစ်ဦးအတွက် လေးနာရီ အသုံးပြုနိုင်ပါသည်။ ယခုအခါတွင် အောက်ဆီဂျင် မလုံလောက်မှုပြဿနာကြောင့်  အောက်ဆီဂျင်အိုး ဖြည့်တင်းရန်အတွက် တန်းစီစောင့်ဆိုင်းနေကြရပါ သည်။ ၎င်းအခြေအနေသည် Oxygen Concentrator လိုအပ်ချက်ကိုမြင့်မားလာစေပါသည်။ ထို့ပြင် မှောင်ခိုဈေးကွက်ဖြစ်ထွန်းလာကာ ဈေးနှုန်းများ ကြီးမြင့်လာပါသည်။ လူအများစုသည် နေအိမ်တွင် Oxygen Concentrator  ဆောင်ထားပြီး အသုံးပြုနိုင်ရန် ကြိုးစားလာကြသည်။HFNCလိုအပ်သည့်  လူနာများအတွက်မူ  Oxygen Concentrator ဖြင့် အောက်ဆီဂျင်ပေးမှုမှာ  လုံလောက်မှုမရှိနိုင်တော့ပါ။   ထိုသို့သော လူနာများအနေဖြင့် နီးစပ်ရာ ကိုဗစ်-၁၉ ကုသမှုစင်တာများသို့ အချိန်မီသွားရောက်ရန်အရေးကြီးပါကြောင်း    ဖော်ပြအပ်ပါသည်။    ။