ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိ

နေပြည်တော် ဇူလိုင်  ၂၇

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး    လိုအပ်လျက်ရှိသည့်  အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ် ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ် ရက်များတွင် ပြတ်လပ်မှုမရှိစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊   ပင်လယ် ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများဖြစ်သည့် တရုတ်နိုင်ငံ ဘက်မှ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊  လွယ်ဂျယ်နှင့်ထိုင်းနိုင်ငံဘက်မှ မြဝတီ၊  တာချီလိတ်၊ ကော့သောင်း၊ မောတောင်၊  ထီးခီးတို့မှ အဆက်မပြတ် တင်သွင်းခွင့်ပြု လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကို ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်ရှည် အဖြစ် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက် အထိ အဆင်ပြေချောမွေ့စွာတင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ  ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများညှိနှိုင်းထားသည့် SOP များနှင့်အညီ  လွယ်ကူမြန်ဆန်နိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင်  ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများ ကို ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန် ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပုံမှန် အတိုင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၃၈၇၉  ခု၊ Test Kit ၉၆၆၀ ခုတို့အပါအဝင် မူဆယ်၊  မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီ လိတ်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီ ဂျင်အရည်ဘောက်ဆာယာဉ်သုံးစီးဖြင့် ၅၈  တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)  ၃၅  တန်၊  အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) ၆၂၉၅ ခု၊ Test Kit ၉၆၆၀  ခု၊ နှာခေါင်းစည်း Mask ၈၂ တန်၊ PPE  ဝတ်စုံ ၇၀၀၀ စုံ တင်သွင်းနိုင်ခဲ့သည်။

အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၃ ခုမှ  ယာဉ်စီးရေ ၄၉ စီးဖြင့် တင်သွင်းလာခြင်းဖြစ် သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှ ၂၇ ရက်အထိ ယာဉ်စီးရေ ၅၁၃ စီးဖြင့် အောက်ဆီဂျင် အရည် ဘောက်ဆာယာဉ်ဖြင့် ၆၁၁ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၄၆၅တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့(အိုးဖြင့်) ၁၀၅ တန်၊  အိမ်သုံးအောက်ဆီဂျင်စက် ၄၁၃၈၂ခု၊ Test Kit ၂၆၀၅၂၈ ခု၊ နှာခေါင်းစည်း Mask ၇၇၆ တန် ၊ Oxygen Plant လေးခု၊  Oxygen Generator  ကိုးခု တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက် ရောဂါ   ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ  တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ(Contact Person) များနှင့် အသိပေးကြေညာ ချက်များကိုလည်း ဝန်ကြီးဌာန  Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

(သတင်းစဉ်)