ကိုဗစ်-၁၉ တတိယလှိုင်းကို ဘယ်လိုကျော်ဖြတ်သွားကြမလဲ 

ကိုဗစ်-၁၉ တတိယလှိုင်းကို ဘယ်လိုကျော်ဖြတ်သွားကြမလဲ 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသောကိုဗစ်-၁၉ ကပ်ရောဂါသည် တချို့သောနိုင်ငံ များတွင် စတုတ္ထလှိုင်းပင်ဝင်နေပြီဖြစ်သည်။  မြန်မာနိုင်ငံတွင်လည်း တတိယလှိုင်း ထပ်မံ ဝင်နေပြီဖြစ်သည်။ ဇူလိုင်လဆန်းကတည်း က ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသည်။ လူတိုင်းသတိနှင့်နေထိုင် သွားမှသာလျှင် ကပ်ရောဂါထိန်းချုပ်နိုင်မည်ဖြစ်သည်။
အမြတ်ထုတ်နေထိုသို့ရောဂါကူးစက်မှုနှုန်းမြင့်တက်နေ သည့်အချိန်တွင် တချို့သော စီးပွားရေး သမားများသည် ကုန်ပစ္စည်းများကိုအဆ မတန်ဈေးနှုန်းတင်ရောင်းကြသည်။ ဈေး ကွက်အတွင်း၌ ပစ္စည်းများပြတ်လပ်နေပြီ ဟု သတင်းလွှင့်ကြသည်။ တချို့ကလည်း ကပ်ရောဂါဖြစ်ပွားသည်ကို နိုင်ငံရေးအရ အမြတ်ထုတ်နေကြသည်။  ပြည်သူများထိတ်လန့်စိုးရွံ့မှုဖြစ်လာအောင် ကောလာ ဟလသတင်းများဖြန့်ဝေကြသည်။ အထူး သဖြင့် အောက်ဆီဂျင်စက်ရုံများပျက်နေ ကြောင်း မဟုတ်မမှန်သတင်းများဖြန့်ခြင်း ပင်ဖြစ်သည်။ တချို့သော ဝိသမလောဘ စီးပွားရေးသမားများသည် အောက်ဆီဂျင်အိုးများကိုဝယ်ယူသိုလှောင်ထားပြီး ဈေးနှုန်း  အဆမတန်တင်၍ ရောင်းကြသည်။ ရောဂါ ခံစားနေရသူများအပေါ် အမြတ်ကြီး ထုတ်ခြင်းပင်ဖြစ်သည်။ လူသားဆန်ဆန်လူပီသစွာနေထိုင်သွားလိုလျှင် ထိုသို့မလုပ် သင့်ပေ။ စိတ်မကောင်းစရာပင်ဖြစ်သည်။

ဖြေလျှော့ပေးလျက်ရှိအမှန်တော့ တပ်မတော်စက်ရုံများမှ အောက်ဆီဂျင်များထုတ်လုပ်ပြီး  ပြည်သူ့ ဆေးရုံများသို့ အချိန်မီဖြန့်ဝေလျက်ရှိသည်။ ထို့ပြင် အလှူရှင်များမှလည်း လှူဒါန်းပေး လျက်ရှိသည်။ ပြည်ပနိုင်ငံများမှလည်း အောက်ဆီဂျင်အရည်များဝယ်ယူတင်သွင်း လျက်ရှိသည်။ လက်ရှိအချိန်တွင် ပြည်သူ့ ဆေးရုံများအပြင် ပြည်သူများကိုလည်းဖြန့် ဝေပေးလျက်ရှိသည်။ သို့သော်ပြည်သူများ အနေဖြင့် စိုးရိမ်စိတ်လွန်ကဲပြီး အောက်ဆီ ဂျင်အိုးများကို ဈေးကြီးပေးဝယ်နေကြသည်။ 
ချင့်ချင့်ချိန်ချိန်ဖြင့် ဆောင်ရွက်သွားသင့်ပေ သည်။ အမြတ်ကြီးထုတ်သူများ၏အသုံးချခံ မဖြစ်ရလေအောင် သက်ဆိုင်ရာတာဝန်ရှိ  သူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားသင့်ပါသည်။ နိုင်ငံတော်အစိုးရသည် ကိုဗစ်- ၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိ သည်။ ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှုကို တတ်နိုင်သမျှဖြေလျှော့ပေးလျက်ရှိသည်။  ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် လည်း ကပ်ရောဂါထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ပြုမူနေထိုင်သွားသင့်ပေသည်။

ပိုမိုပြင်းထန်လာမြန်မာနိုင်ငံတွင် ထေရ်ကြီးဝါကြီးဆရာ တော်ကြီးများ၊ သက်ကြီးရွယ်အိုများအပါ အဝင် နိုင်ငံ့ဝန်ထမ်းများကို ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်သည်။ ပြည်သူများကို လည်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေး လျက်ရှိသည်။ မကြာမီ  တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ  ထပ်မံရောက်ရှိလာ တော့မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံသွား ရန် စီမံမျှော်လင့်ဆောင်ရွက်လျက်ရှိသည်။ သို့သော် လက်ရှိကူးစက်ပျံ့နှံ့နေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါသည်စတင်ဖြစ်ပွားခဲ့သည့် ရောဂါထက်ပိုမိုပြင်းထန်သည်ဟုဆိုသည်။ လက်ရှိထိုးနှံထားသော ကာကွယ်ဆေးသည် ဗီဇပြောင်းပြင်းထန်ကိုဗစ်-၁၉ ကပ်ရောဂါကို  အပြည့်အဝကာကွယ်နိုင်စွမ်း မရှိသေးသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက် များအတိုင်း ပြုမူနေထိုင်သွားသင့်ပါသည်။

Mask တပ်ဆင်ဖို့လိုကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားစဉ်က တရုတ်နိုင်ငံတွင် ပြည်သူအားလုံးသည် အပြင်သို့သွားလာလုပ်ကိုင်ရာတွင်Mask များတပ်ဆင်ထားသည်ကို နေ့စဉ်ရုပ်သံ သတင်းများတွင်   တွေ့မြင်ခဲ့ရသည်။ အလားတူ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့လည်း လူတိုင်းနီးပါးMask များတပ်ဆင်ထားသည်ကို တွေ့ရသည်။ သို့သော်  မြန်မာနိုင်ငံတွင်  ပြည်သူများ သည် အကြောင်းအမျိုးမျိုးကြောင့်Maskတပ်ဆင်လေ့မရှိကြပေ။  ဆိုလိုသည်မှာ ဈေးကွက်ထဲတွင်Maskအလွယ်တကူဝယ် ၍မရခြင်း၊ ဈေးအဆမတန်ကြီးမြင့်နေခြင်း၊ ကျန်းမာရေးဗဟုသုတအသိအမြင်နည်းပါး ခြင်း၊ ရောဂါပိုးကူးစက်နိုင်မှုအန္တရာယ်ကို မသိရှိခြင်းတို့ကြောင့်ပင်ဖြစ်သည်။ 
တချို့သောသူများက ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်ဆံရများ၊ ဆရာဝန်များ၊ သူနာပြုများသာလျှင်Mask တပ်ဆင်ရ မည်ဟု လွဲမှားစွာယုံကြည်ယူဆထားကြ သည်။ အမှန်တော့ ရောဂါပိုးသည် လေထု ထဲတွင် အချိန်မရွေးပျံ့နှံ့ရောက်ရှိနိုင်ပြီး မိမိပါးစပ်နှင့် နှာခေါင်းအတွင်းသို့ အချိန် မရွေးရောက်ရှိ   ကူးစက်နိုင်ပေသည်။ သာဓကအနေဖြင့်  ရောဂါကူးစက်မှုနှုန်း မြင့်မားနေသည့် အီတလီနှင့် အမေရိကန်ရှိ ပြည်သူအများစုသည်Maskတပ်ဆင်ခြင်း မရှိဟု ဆိုသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် အိမ်အပြင်သို့ထွက်မည်ဆိုလျှင် ြေျု ကိုမဖြစ်မနေတပ်ဆင်သွားရန်လိုအပ် ပါသည်။  ှကမါငခေူ ြေျု မရှိလျှင် လည်း အဝတ်ဖြင့်ချုပ်ထားသည့်Maskကို အသုံးပြုနိုင်ပါသည်။ အရေးကြီးဆုံးကတော့Maskကို သန့်ရှင်းအောင်ထိန်းသိမ်းကိုင် တွယ်အသုံးပြုခြင်းပင်ဖြစ်သည်။

အိမ်ထဲမှာသာနေထိုင်သင့်မြန်မာအများစုသည် အလုပ်မရှိလျှင် အပြင်ထွက်ပြီး အချိန်ဖြုန်းတတ်ကြသည်။လက်ထဲတွင် ငွေရှိနေလျှင် ငြိမ်ငြိမ်မနေနိုင် ဘဲ ဈေးဝယ်ထွက်ကြသည်။  ယခုလည်း တက္ကသိုလ်ကျောင်းများပိတ်ထားသည့်အချိန် တွင်  တချို့သောလူငယ်များသည် အပြင် မထွက်ရသဖြင့်လူစုပြီးဂိမ်းဆော့ကြသည်။ ထိုသို့မလုပ်သင့်ပေ။  မိမိအိမ်၌ပင်လျှင်  မိသားစုအချင်းချင်းခပ်ခွာခွာနေရမည့်အချိန် ကာလဖြစ်သည်။ ဖြစ်သင့်သည်မှာ အိမ်ထဲ မှာသာ နေရသည့်အချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုလုပ်၊ အိမ်သန့်ရှင်းရေး လုပ်၊ အကျိုးပြုစာအုပ်များကိုဖတ်၊ ရတန သုတ်ကို ရွတ်ဖတ်ပွားများပူဇော်နေမည်ဆို လျှင် များစွာအကျိုးရှိမည်ဖြစ်သည်။ ဆိုရလျှင် အိမ်၌သာနေထိုင်ခြင်းသည် မိမိနှင့်မိသားစု၏ ကျန်းမာရေးကိုစောင့်ရှောက်ခြင်း ဖြစ်သလို ဆက်စပ်လူမှုအသိုက်အဝန်းကို လည်း အကျိုးပြုနေခြင်းပင်ဖြစ်သည်။

လက်မှန်မှန်ဆေးကြောရန်လိုလက်မှန်မှန်ဆေးကြောသည့် အလေ့ အထသည် လွယ်မယောင်နှင့်ခက်ပါသည်။ မိသားစုတစ်စုသည်  ယခင်ကတည်းက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိ မှသာလျှင် လက်ဆေးကြောသည့်အလေ့ အထရှိနိုင်ပါသည်။ အထူးသဖြင့် အိမ်သာ မှထွက်ချိန်၊ အပြင်မှပြန်ရောက်ချိန်၊ ပစ္စည်း တစ်ခုခုကိုကိုင်တွယ်ပြီးချိန်တို့တွင် လက် ဆေးကြောဖို့လိုပါသည်။ လက်ဆေးကြော ရာတွင်လည်း ဆပ်ပြာမပါဘဲ ရေနှင့်ဖြစ် သလိုဆေးကြောနေမည်ဆိုလျှင် ရောဂါပိုး အန္တရာယ်မှ ကာကွယ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကအကြံပြုထားသည့်အတိုင်း လက်ကို ဆပ်ပြာ သို့တည်းမဟုတ် ံညေိ ွနူ တို့ဖြင့် စက္ကန့် ၂၀ ကြာသည်အထိ သေချာစွာ  ပွတ်တိုက် ဆေးကြောသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိကျန်းမာရေး အတွက် လုပ်ဆောင်ခြင်းဖြစ်သလို   မိမိ မိသားစုနှင့် မြန်မာပြည်သူပြည်သားအားလုံး ၏ ကျန်းမာရေးအတွက်လုပ်ဆောင်ခြင်း လည်းဖြစ်ပါသည်။

ပါဝင်လှူဒါန်းသွားစေလိုမည်သို့ပင်ဆိုစေ  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ် နိုင်ရေးအတွက်  အစိုးရဝန်ကြီးဌာနများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပရဟိတအဖွဲ့အစည်းများ နှင့် စေတနာရှင်ပြည်သူများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့် ဝေခြင်း၊Mask ၊ လက်ဆေးရည်နှင့် ဆပ်ပြာ များလှူဒါန်းခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိသည်။ အများပြည်သူသွားလာရာနေရာ များ၊ ဈေးရုံကြီးများ၊ ဆေးရုံများ၊ ကျောင်း များ၊ ဘုရားစေတီပုထိုးများ၊ သာသနိက  အဆောက်အအုံများ၊ လေဆိပ်များ၊ သင်္ဘော ဆိပ်များ၊  အဝေးပြေးကားဝင်းများတွင် လည်း ပိုးသတ်ဆေးများဖျန်းလျက်ရှိသည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် ငွေအားလူအားတတ်အားသရွေ့  ပါဝင်လှူဒါန်းသွားစေလိုပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ဘယ်လိုကျော်ဖြတ်သွားကြမလဲကမ္ဘာ့လူသားများသည် မတွေ့ရ၊ မမြင်ရ၊ မကြားရ၊ အနံ့အသက်မရသော ကပ် ရောဂါဆိုးကြီးနှင့် စစ်ခင်းနေရသည်မှာ အချိန်ကာလ  နှစ်နှစ်ပင်ပြည့်တော့မည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ် ရောဂါကူးစက်ခံရသူအရေအတွက်နှင့်သေဆုံးသူအရေအတွက်မှာ တစ်စတစ်စ မြင့်တက်လာလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများ သည် ကာကွယ်ဆေးကိုမျှဝေထိုးနှံနေရဆဲ ပင်ဖြစ်သည်။ ထိုသို့  အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် စိတ်ဓာတ် ကြံ့ခိုင်ဖို့လိုပါသည်။ အမှန်တော့အသိÓဏ် ရှိသော လူသားများအနေဖြင့် ကပ်ရောဂါ ပိုးကူးစက်မှုမခံရစေရေးအတွက် ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်သွား မည်ဆိုလျှင် ကြောက်ရွံ့ထိတ်လန့်နေရန် မလိုပေ။ လူတိုင်း ကျန်းမာရေးအသိ ကျန်းမာရေးသတိ}} ရှိဖို့တော့ လိုအပ်ပါ သည်။ 

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ကိုအောင်မြင် စွာကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။ ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်  အတွေ့အကြုံများမှလိုအပ်ချက်များ ကြိုတင်ဖြည့်ဆည်းထား နိုင်မည်ဆိုလျှင်၊ သင်ခန်းစာဖော်ထုတ်နိုင် မည်ဆိုလျှင် တတိယလှိုင်းတွင် ကူးစက်ပျံ့နှံ့ မှုနှင့် အသေအပျောက်နှုန်းကျဆင်းစေမည် ဖြစ်သည်။ အထူးသဖြင့်ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော စံနှုန်းများ အတိုင်း နေထိုင်သွားရန်လိုအပ်ပါသည်။ ထိုသို့နေထိုင်ခြင်းမရှိဘူးဆိုလျှင် တစ်ဦး တစ်ယောက်၏ပေါ့ဆမှုမှသည် တစ်မိသားစု လုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး၊ တစ်မြို့ လုံး၊ တစ်နိုင်ငံလုံးကို ရောဂါပိုးကူးစက်ပျံ့နှံ့  သွားနိုင်ပါသည်။ 

ထို့ကြောင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ ပင်လျှင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပျံ့နှံ့မှု တတိယလှိုင်းအန္တရာယ်ကို အလူး အလဲခံနေရသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့် သာရှိသည့် မြန်မာနိုင်ငံသည် အထူးသတိ ထား ကိုင်တွယ်သွားသင့်ပါသည်။ ပြည်သူ တစ်ဦးချင်းစီ၏ကျန်းမာရေးအသိ၊ ကျန်းမာ ရေးသတိရှိမှုနှင့် ပူးပေါင်းပါဝင်ဆောင် ရွက်မှုတို့အပေါ်တွင် များစွာမူတည်နေပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ် ယောက်ချင်းစီအနေဖြင့် လက်မှန်မှန်ဆေး ကြောခြင်း၊ ြေျု ဝတ်ဆင်ခြင်း၊ အရေးကြီး တာဝန်မရှိလျှင် အိမ်ထဲမှာသာနေထိုင်ခြင်း၊ လူစုလူဝေးရှိသည့်နေရာများကို ရှောင်ကြဉ် ခြင်းတို့ကို မပျက်မကွက်လုပ်ဆောင်လျက် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အတူတကွကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားသွား ကြပါစို့ဟု  တိုက်တွန်းအကြံပြုသွားလိုပါ သည်။