ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေး လျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေး လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နပ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၂-၇-၂၀၂၁ ရက်နေ့တွင်

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ (၆၉) ခုမှ Oxygen Concentrator (၂၉၆၈)ခု၊ Oximeter (၁၇၁၈၄)ခု၊ Thermometer (၁၇၈၈)ခု၊ Oxygen Regulator (၁၀၈၀)ခု၊ Flow Meter (၁၀၀၀)ခု Nalsa Cannula (၂၅၀၂) ခု၊ Oxygen Mask (၂၀၀) ခု၊ Oxygen Filter (၅၀) ခု၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင်ကုမ္ပဏီ (၃၄) ခု မှ Mask /Surgical Glove (၉၉၇၂၅) kg ၊ Liquid Oxygen /Pure Oxygen (၁၅၃၉၀.၆၆) m3 ၊ Oxygen Cyinder/ Regulator (၂၂၀၀) ခု Oxygen Plant /Oxygen Concentrator (၆၉၅၄) ခုတို့အားထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။