ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော်  ဇူလိုင် ၂၇

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာစစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ကုမ္ပဏီ ၁၁၂ ခုမှ Oxygen Concentrator ၃၈၇၉ ခု၊ Oximeter  ၆၂၇၁၇ ခု၊ Oxygen  Regulator  ၁၀၃၆၊ Disposable Virus Specimen Collection Tube ၇၂၊ Flow Meter ၂၄၀၀၊  Fxvit Tablet ၅၀၀ ခု၊  PPE ၂၀၀၀ ခု၊ Steriliter ၂၀၀၊  Test Kit ၉၆၆၀ ခု၊  Thermometer  Oxygen  Mask ၂၀၀ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ  ကိုဗစ်-၁၉ ကာကွယ်ကုသ ဆေးနှင့် အခြားဆေးမျိုးစုံလေးမျိုး  (8185.7 ) kg၊ နယ်စပ်(မူဆယ်၊ ချင်းရွှေဟော်၊  မြဝတီ၊  တာချီလိတ်၊ ကော့သောင်း)တွင် ကုမ္ပဏီ ၄၆ ခုမှ Surgical Mask / Disposable Face Mask  ၈၆၄၄၁  kg၊  Oxygen  Liquid ၁၅၄၀၉၃၈ M3 ၊ Liquid Oxyge ၁၉.၅၂  တန်၊   Oxygen Concentrator  ၂၄၅၆ ခု၊  PPE  Gown ၅၀၀၀ ခု၊  Oxygen Cylinder ၃၄၂၆ ခု၊  Flat Mask Machine တစ်စုံ၊   Regulator  ၃၀၆၁ ခု၊ Oximeter ၁၀ ခု၊  Humidifying Bottle ၃၀၀၀ ခု၊  Oxygen  Mask ၃၀၀၀  ခုတို့အား   ထုတ်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)