ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန်အတွက် Mask များဖြန့် ဝေလှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန်အတွက် Mask များဖြန့် ဝေလှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၂၀

 
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တို့ရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်း များနှင့်အတူ Mask ၃၄၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။