ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၈

ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ပြည်နယ်ကောင်စီအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ လည်း ကောင်း၊ ရှမ်းပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကျဆင်းရေးညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် ညနေပိုင်းတွင် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊   အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌  လည်းကောင်း အသီးသီး ပြုလုပ်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ  ပြည်နယ်ဝန်ကြီးချုပ် များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။