ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ် သည်။ ယနေ့ပြုလုပ်သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင်အလှူရှင်များ လှူဒါန်းသည့် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၅၂၆၀ ဖြစ်ကြောင်း သတင်း ရရှိသည်။