ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုက နိုင်ငံ၏အနာဂတ်စီးပွားရေးကို အထိနာစေသည်ဟု ထိုင်းဗဟိုဘဏ်ပြော

 

နိုင်ငံအတွင်း မြင့်တက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုက ထိုင်းနိုင်ငံ ၏အနာဂတ် စီးပွားရေးကို အထိနာစေကြောင်း ထိုင်းဗဟိုဘဏ်က ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။

ထိုင်းဗဟိုဘဏ်သည် ဒီဇင်ဘာလတွင် လုပ်သည့်အစည်းအဝေး၌ ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မူလခန့်မှန်းထားသည့် ၃ ဒသမ ၆ ရာခိုင် နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချ ခန့်မှန်းခဲ့သည်။

ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလအတွင်းဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများက နိုင်ငံ၏ စီးပွားရေးနာလန်ထူမှုကို လမ်းကြောင်းပြောင်းလဲစေနိုင်ကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၃ ရာခိုင်နှုန်း အောက်အထိကျဆင်းနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားသည်။

ထို့ပြင် ထိုင်းငွေကြေးဖြစ်သည့် ဘတ်ဈေးလျင်မြန်စွာ  မြင့်တက်လာမှုသည်လည်း  ယိုင်နဲ့နေသော စီးပွားရေးကို ပိုဆိုးစေမည်ဖြစ် ကြောင်း ဗဟိုဘဏ်ကပြောသည်။ ထိုင်းအစိုးရအနေဖြင့်   နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရောဂါကူးစက်ပျံ့နှံ့မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီးနောက်လပိုင်း  များစွာအကြာတွင် ရွှေ့ပြောင်းအလုပ်သမား များနှင့်ဆက်စပ်သည့် တစ်ကျော့ပြန်ရောဂါ ကူးစက်မှုက  နိုင်ငံအတွင်းရှိ   ပြည်နယ် ထက်ဝက်ကျော်ကို ပျံ့နှံ့သွားသည့်အတွက် အစိုးရက တင်းကျပ်သောအသွားအလာ တားမြစ် ကန့်သတ်မှုများကို ပြန်လည်ချမှတ် ထားရကြောင်းသိရသည်။

Ref:CAN