ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၈

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး   ရောဂါကူးစက်မှုမခံရစေရေး အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးအတွင်း တို့ရှိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပြင်ထွက် တိုင်း Mask တပ်ရန်၊   လူစုလူဝေးများရှောင်ရှားရန်နှင့်မပြုလုပ်ရန်၊   လက်ကိုဆပ်ပြာနှင့်    မကြာခဏဆေးကြောခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန်စသည့် အသိပေးနှိုးဆော်မှုများကို  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

 (၁၀၀)