ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၀

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်မှုမခံရစေရေး အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေနှင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့များ၌  တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျစွာလိုက်နာရန် စသည့်အသိပေးနှိုးဆော်မှုများကို  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

  (၁၀၀)