ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်- ၁၁
    

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်မှုမခံရစေရေး အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကို သန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို တိကျလိုက်နာ ရန်စသည့်အသိပေး နှိုးဆော်မှုများကိုပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။