ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၀၂၇ ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်  ၃၀၂၇ ဦးနှင့်ထပ်မံသေဆုံးသူ ၂၅၀ ဦးရှိကြောင်း သိရသည်။             

(၇-၈-၂၀၂၁)ရက်  ည  ၈ နာရီမှ (၈-၈-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၂၆၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၂၇ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၃၂၅၇၅၈၉ ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၃၂၉၅၁၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၄၉၈၄ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၂၄၃၇၃၁   ဦး  ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်ထပ်မံသေဆုံးသူ ၂၅၀ ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၁၇၇၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                   

 (၅၀၀)