ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၅၂၈၅ ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က   ယနေ့ည ၈ နာရီတွင်  ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၅၂၈၅ ဦးနှင့်ထပ်မံသေဆုံးသူ ၂၃၁ ဦးရှိကြောင်း သိရသည်။             

(၁၇-၇-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၈-၇-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၄၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၂၈၅  ဦး တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ  ဓာတ်ခွဲနမူနာစုစုပေါင်း ၂၉၇၂ဝဝ၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၂၉၅၂၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၂၈၉ဝ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၆၁၈၅၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၃၁ ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူ စုစုပေါင်း  ၅ဝဝဝ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရန်အတွက်  ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့်  ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်'' အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ  တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  သတင်းအချက်အလက်များကို   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   တရားဝင် အင်တာနက်စာမျက်နှာ    www.mohs.gov.mm    တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။