ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆၆၇ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆၆၇ ဦး ထပ်တိုး

နေပြည်တော် စက်တင်ဘာ ၂၄

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့်   အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအားကိုဗစ်-၁၉ ရောဂါရှိ၊   မရှိ   ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၃-၉-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၄-၉-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း  ၁၈၄၆၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်   ၁၆၆၇ ဦး   တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၉ ဒသမ ဝ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂ဝ၆၆၆၅ ခုအား   စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၅၅ဝ၇၄ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၁၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄ဝ၈၂၉၂ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်    ထပ်မံသေဆုံးသူ ၇ဝ ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၇၄၁၃ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။