ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအကျိုးဆက်များကြောင့် စားရေးအခက်အခဲမရှိစေရန်အတွက် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်ပစ္စည်းများ လှည့်လည် ရောင်းချပေးလျက်ရှိပြီး အခြေခံအိမ်သုံးဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအကျိုးဆက်များကြောင့် စားရေးအခက်အခဲမရှိစေရန်အတွက် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်ပစ္စည်းများ လှည့်လည် ရောင်းချပေးလျက်ရှိပြီး အခြေခံအိမ်သုံးဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂၀

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများ တွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရလျက်ရှိပြီး စားရေးအခက်အခဲများနှင့် အခြေခံ အိမ်သုံး ဆေးဝါးအခက်အခဲများလည်း ရင်ဆိုင်ရလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေး အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရ သည့် စားရေးနှင့် အခြေခံအိမ်သုံးဆေးဝါးများ အလွယ်တကူဈေးနှုန်းသက်သာစွာဖြင့် ဝယ် ယူ သုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ပေးလျက် ရှိရာ လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စားရေးအခက်အခဲမရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှု နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့၏ အစီအစဉ်ဖြင့် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်များကို မြို့နယ်အသီးသီးရှိ ဝန်ထမ်းအိမ်ရာများ၊ လူနေရပ်ကွက်များသို့ သက်သာသော ဈေးနှုန်းများဖြင့် သွားရောက်ရောင်းချပေးလျက်ရှိ သည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာတွင် အဓိက စားကုန်များဖြစ်သည့် ဆန်၊ ဆီ နှင့် အမယ်စုံပစ္စည်းများ၊ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခက်အခဲများ ကြောင့် စားရေးအခက်အခဲဖြစ်ပေါ်နေမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့ပေးလျှက် ရှိသည်။
ထို့ပြင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကောလာဟလ သတင်းအမှားများ၊ သတင်းစကားများ ထွက်ပေါ်နေမှုနှင့် မသမာသူလူတစ်ချို့၏ ဈေးကစားမှုများကြောင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများနှင့် အိမ်သုံး အခြေခံဆေးဝါးများ သဘာဝမဟုတ်သည့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများ၊ ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်အောင် သိုလှောင်၍ ဈေးကစားမှုများဖြစ်ပေါ်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး၊ ဆေးဝါးများအား အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာဝယ်ယူရရှိနိုင်စေရန်အတွက် အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနား လမ်း၊ အမှတ်(၁၀၄/၁၀၈ )၌ ဩဂုတ် ၁၉ ရက်မှစ၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီ ၂၇ ခုမှ အိမ်သုံးဆေးဝါး ၃၂၃ မျိုးကို ဈေးနှုန်း သက် သာစွာဖြင့် ရောင်းချပေးလျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး သတင်းကောင်းပေးအပ်ပါသည်။