ကိုဗစ်-၁၉ ရောဂါဖြစ်သူများသည် ထိုရောဂါကူးစက်မှုကိုကာကွယ်နိုင်သည့် ကိုယ်ခံအားဖြစ်ပေါ်သော် လည်း ၎င်းတို့မှတစ်ဆင့် အခြားသူများကိုပြန်ကူးစက်စေနိုင်ကြောင်း သုတေသနတစ်ခုကတွေ့ရှိထား သည်။
ဗြိတိန်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအပေါ်လုပ်ဆောင်သော အဆိုပါသုတေသနတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ များ၌ ကိုယ်ခံအားသည် ငါးလကြာသည်အထိတည်ရှိနိုင်ကြောင်းသိရသည်။
အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနမှသိပ္ပံပညာရှင်များ၏ ကနဦးလေ့လာချက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ကိုယ်ခံအားဖြစ်ပေါ်သူများက အခြားသူများကို ရောဂါပြန်ကူးစက်စေနိုင်စွမ်းနည်း ပါးကြောင်းနှင့် လူနာ ၆၆၁၄ ဦးတွင် ၄၄ ဦးကသာ အခြားသူများကိုရောဂါပြန်ကူးစက်စေခြင်း ဖြစ်ကြောင်းတွေ့ရှိထားသည်။
သို့သော် ယခုတွေ့ရှိချက်ကိုကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ရောဂါကူးစက် ခံထားဖူးသူများသည် ယခုအခါ ရောဂါပြန်ကူးစက်နိုင်ခြေများနေပြီဖြစ်သည်ကိုတွေ့ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများအနေဖြင့် အခြားသူများကိုရောဂါကူးစက်နိုင်သေးသည်ကို သတိချပ်ရမည်ဖြစ်ကြောင်း သုတေသနပညာရှင် ဆူဆန်ဟော့ကပြောသည်။ ယခုလုပ်ဆောင်သည့် သုတေသနက လူတိုင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ရာ ပင်မအရင်းအမြစ်များဖြစ်သည်ကို ပြသနေ ကြောင်း၊ ထို့ကြောင့် လူတိုင်းသည် လိုက်လျောညီထွေမှုရှိစွာ ပြုမူနေထိုင်လုပ်ဆောင်သင့်ကြောင်း ကိုယ်ခံအားနှင့်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အီလင်နောရိုင်လေးကပြောသည်။
ထို့ပြင် ပြည်သူတစ်ရပ်လုံးနီးပါးသည် သဘာဝအလျောက်ဖြစ်ပေါ်သောကိုယ်ခံအား သို့မဟုတ် ကာကွယ်ဆေးထိုးခြင်း ကြောင့်ဖြစ်ပေါ်သော ကိုယ်ခံအားရရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ကန့်သတ် ချက်များကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်းနှင့် သို့မဟုတ်ပါက လူများစွာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုလည်းများပြားနေမည်ဖြစ်ကြောင်း ရီးဒင်းတက္ကသိုလ်မှတွဲဖက်ပါမောက္ခ ဆိုင်မွန်ကလာ့ကပြောသည်ဟုသိရသည်။